မထူးဆန်းတဲ့ည
စံပီး + ရတနာဦး
အေးချမ်းတဲ့ ဒီဇင်ဘာညတည
တိတ်ဆိတ်ကာ ငြိမ်သက်နေတယ်
မထူးဆန်းတဲ့ ညလေးထဲမှာ
တကယ်အဖြစ်အပျက်တခု ရှိခဲ့တယ်
ခမ်းနားတဲ့ အဆောင်ယောင်တွေမရှိပဲ
ဆင်းရဲစွာပင် မွေးလာခဲ့
လူသားအပြစ်အတွက် အသက်ပေးခဲ့တာ
တကယ်ကိုခမ်းနားသော သူ့အချစ်တွေမြင်လာနိုင်ပြီ
အိပ်မက်တွေလဲမဟုတ်
လောကရှင်တကယ်မွေးဖွားပြီ
မထူးဆန်းတဲ့ညလေး
ထူးဆန်းစွာလူတိုင်းသိပြီ
ကမ္ဘာတည်နေသရွေ့
နွားစာခွက်တွင်းမှာနှိမ့်ချစိတ်နဲ့
လောကီကမ္ဘာကိုဆင်းသက်တာ
သူချစ်တဲ့လူသားများ အပြစ်တွေအတွက်
Source Internet
မိုးမြင့်ထက် ကြယ်စင်ညွှန်ပြခဲ့
လောကအရှင်သခင်ရှိရာဆီ
သိုးကျောင်းသားတွေဝမ်းမြောက်စွာ
ပညာရှိများလည်းရောက်လာ
ခမ်းနားတဲ့ အဆောင်ယောင်တွေမရှိပဲ
ဆင်းရဲစွာပင် မွေးလာခဲ့
လူသားအပြစ်အတွက် အသက်ပေးခဲ့တာ
တကယ်ကိုခမ်းနားသော သူ့အချစ်တွေမြင်လာနိုင်ပြီ
အိပ်မက်တွေလဲမဟုတ်
လောကရှင်တကယ်မွေးဖွားပြီ
မထူးဆန်းတဲ့ညလေး
ထူးဆန်းစွာလူတိုင်းသိပြီ
ကမ္ဘာတည်နေသရွေ့
နွားစာခွက်တွင်းမှာနှိမ့်ချစိတ်နဲ့
လောကီကမ္ဘာကိုဆင်းသက်တာ
သူချစ်တဲ့လူသားများ အပြစ်တွေအတွက်
အိပ်မက်တွေလဲမဟုတ်
လောကရှင်တကယ်မွေးဖွားပြီ
မထူးဆန်းတဲ့ညလေး
ထူးဆန်းစွာလူတိုင်းသိပြီ
ကမ္ဘာတည်နေသရွေ့
နွားစာခွက်တွင်းမှာနှိမ့်ချစိတ်နဲ့
လောကီကမ္ဘာကိုဆင်းသက်တာ
သူချစ်တဲ့လူသားများ အပြစ်တွေအတွက်
သူချစ်တဲ့လူသားများ အပြစ်တွေအတွက်
သူချစ်တဲ့လူသားများ
အပြစ်တွေအတွက်
By AyeKyaw greentiger