အပိုဆု
ဘယ်တော့ငါ့ကို မင်းပစ်သွားမလဲငါမသိ
ဘယ်လောက်ငါ့ကိုမင်းချစ်ဖူးလဲငါမကြည့်
ဘယ်အထိငါ့ကိုမင်းလှည့်စားမလဲငါမသိခဲ့
ဒါတောင်အစဆုံးမရှိချစ်ခဲ့သည်
ဘယ်လောက်ငါ့မှာအကျိူးအမြတ်ရှိမယ်ငါမကြည့်
ဘယ်အခါစိတ်ကလေးချမ်းမြေ့ရမယ်ငါမသိ
ဘယ်နေ့မင်းကြောင့်ဘဝပျက်သွားမယ်ငါမသိ
ဒါကိုပုံအောလို့ချစ်ခဲ့သည်
အလိုချင်ဆုံးမင်းဆီက မေတ္တာတရားလေ
အပိုဆုလေးတောင်းပါဦးဆိုသစ္စာရှိပါမေ
ခွဲပြလို့ရရင်သည်ရင်အနက်ရှိုင်းဆုံးခွဲပြ
ငါဟာမင်းအတွက်အသက်ရှင်နေထိုင်ဖြစ်တည်တဲ့ဘဝ
နေ့နဲ့ညစက္ကန့်အချိန်မရွေး
လောကရဲ့ရှိတဲ့နေရာမရွေး
ငါသယ်ဆောင်သွားလိုက်ပါ့မယ်ဒီအချစ်တို့
ဝမ်းနဲနဲ့ဝမ်းသာအချိန်မရွေး
ဆင်းရဲနဲ့ချမ်းသာတာမရွေး
သည်အကြင်နာပြောင်းလဲတော့မှာမဟုတ်ဘူးအချစ်ရေ
ကျေးဇူးတင်ပါသည်?