menu-iconlogo
huatong
huatong
avatar

အတ္တ

ဇွဲပြည့်huatong
Datthaghiri🎅🙏huatong
Letras
Grabaciones
ငယ်စဉ်ကထဲက ရိုးသားဖြူ စင်ခဲ့

ရေလိုကြည်လင် အေးမြလို့

သာယာနေတဲ့ ကိုယ့် ဘဝကို

ဘယ်သူဝင်ကာ ဆေးဆိုးလိုက်ပြီလဲ

အိုး......

အိပ်လို့ မရတော့ ဘူး ကိုယ့် ညတွေ

ရင်မောကာ နေရတာ စိတ္တဇလိုပဲ

ကူညီကြပါဦး

ဒီမှာ ကယောင်ခြောက်ခြား

အတွေးများနဲ့ ရူး.... ရူး

ဆန္ဒများနဲ့ စိတ်ဓာတ်ကိုဖိစီး

ခန္ဓာကိုယ်က ပေးဆပ်မဲ့

တည်ငြိမ်နေတဲ့ နှလုံးသားကို

ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ

အိုး.....

အိပ်လို့ မရတော့ ဘူး ကိုယ့် ညတွေ

ရင်မောကာ နေရတာ စိတ္တဇလိုပဲ

ကူညီကြပါဦး

ဒီမှာ ကယောင်ခြောက်ခြား

အတွေးများနဲ့ ရူး.... ရူး

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွမ်းတာ

ကိုယ့် အရိပ်ကို ရန်သူထင်တယ်

ဦးနှောက်ထဲမှာ လိုချင်တာပဲ သိ

ဘယ်အရာတွေဘယ်လို

ကောင်းသလား ဆိုးမှာလား

ကိုယ် ကို တိုင်လည်း ခွဲခြား မသိတော့ ဘူး

အတ္တများနဲ့ အဆိပ်တက်လို့

အခန်း ကျဉ်း ထဲ မှာ ကိုယ်တစ်ယောက်ထဲ ရူး

ဆန္ဒများနဲ့ စိတ်ဓာတ်ကိုဖိစီး

ခန္ဓာကိုယ်က ပေးဆပ်မဲ့

တည်ငြိမ်နေတဲ့ နှလုံးသားကို

ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ

အိုး.....

ထိန်းလို့ မရတော့ ဘူး ကိုယ့် စိတ်တွေ

လေထဲမှာ လွင့် မျှော ကာ စိတ္တဇလိုပဲ

ကူညီကြပါဦး

ဒီမှာ ကယောင်ခြောက်ခြား

အတွေးများနဲ့ ရူး.... ရူး

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွမ်းတာ

ကိုယ့် အရိပ်ကို ရန်သူထင်တယ်

ဦးနှောက်ထဲမှာ လိုချင်တာပဲ သိ

ဘယ်အရာတွေဘယ်လို

ကောင်းသလား ဆိုးမှာလား

ကိုယ် ကို တိုင်လည်း ခွဲခြား မသိတော့ ဘူး

အတ္တများနဲ့ အဆိပ်တက်လို့

အခန်း ကျဉ်း ထဲ မှာ ကိုယ်တစ်ယောက်ထဲ ရူး

Más De ဇွဲပြည့်

Ver todologo