menu-iconlogo
logo

ချစ်သူချင်းမို့ သိနားလည်

logo
Letras
ချစ်သူချင်းမို့သိနားလည်

စိမ့်စမ်းရေအေး စီးဆင်းသံလေးရယ်

ငြိမ့်ငြိမ့်သွဲ့သွဲ့မြတေးချိုချို

ဆိုသည်နှယ် ချစ်စရာလေးပေါ့

ကျော့ကျော့ယဉ်ယဉ်တည်ငြိမ်လှတယ်ကွယ်.ဟဲ..

(B) အချစ်ရေ အချစ်ရေ

ကိုယ်တို့အသည်းနှလုံးကြားက

မေတ္တာစမ်းရေ စီးသံများနားဆင်ကွယ်

နွဲ့နွဲ့တေးနဲ့ သွဲ့သွဲ့လေးတဲ့

ချစ်တေးကာရန် စီမံချယ်...

(G) အချစ်ရေ အချစ်ရေ..

ချစ်တယ် ချစ်တယ်တဲ့...

အိုး..တိုးတိုးတိတ်တိတ် မိုးစိမ့်စိမ့်ရွာ..

ရွာသလိုပဲ...ကွယ်...

ချစ်သံလှိုင်းဝိုင်းဝိုင်းလည်..

(B) အချစ်ဆိုတဲ့သဘော အံ့ဩဖွယ်ရာ

ကုဋေကုဋာမကပေါင်ကွယ်အလှဆောင်တယ်

မျက်တောင်လေးတစ်ချက်ပင့်သွားးး

စကားဖွင့်နယ်ကျယ်.

လှစ်ကျူရှင်းမလို့သိမလားကွယ်

ချစ်သူခြင်းမို့သိနားလည်...

စိမ့်စမ်းရေအေး စီးဆင်းသံလေးရယ်

ငြိမ့်ငြိမ့်သွဲ့သွဲ့မြတေးချိုချို

ဆိုသည်နှယ် ချစ်စရာလေးပေါ့

ကျော့ကျော့ယဉ်ယဉ် တည်ငြိမ်လှတယ်ကွယ်...

(B) အချစ်ရေ အချစ်ရေ

ကိုယ်တို့အသည်းနှလုံးကြားက

မေတ္တာစမ်းရေ စီးသံများနားဆင်ကွယ်

နွဲ့နွဲ့တေးနဲ့ သွဲ့သွဲ့လေးတဲ့..

ချစ်တေးကာရန် စီမံချယ်....

(G) အချစ်ရေ အချစ်ရေ ချစ်တယ် ချစ်တယ်တဲ့

အိုး..တိုးတိုးတိတ်တိတ်မိုးစိမ့်စိမ့်ရွာ.

ရွာသလိုပဲ..ကွယ်...

ချစ်သံလှိုင်းဝိုင်းဝိုင်းလည်....

(B) အချစ်ဆိုတဲ့သဘော အံ့ဩဖွယ်ရာ

ကုဋေကုဋာမကပေါင်ကွယ်အလှဆောင်တယ်

မျက်တောင်လေးတစ်ချက်ပင့်သွား

စကားဖွင့်နယ်ကျယ်

လှစ်ကျူရှင်းမလို့သိမလားကွယ်

ချစ်သူခြင်းမို့သိနားလည်...

(G)+(B)>>>

ချစ်သူတို့ ရင်ထဲအစဉ်အမြဲ

အသည်းကဗျာရေးချယ်

မိုးအဆုံးမြေထဲ

လက်တွဲလို့လည်ချင်တယ်

အပြုံးခြင်းယှက်ဖူးပွင့်မြူးလာသည့်နှယ်..

(B) အချစ်ကြိုးများဆက်သွယ်စို့

ရှက်တယ်လို့မပြောနဲ့...

(G) တို့နှစ်ဦးချစ်နေကြတဲ့အကြောင်းတွေ

လျောက်ကာမပြောနဲ့...

(B) အချစ်ကြိုးများဆက်သွယ်စို့

ရှက်တယ်လို့မပြောနဲ့...

(G) တို့နှစ်ဦးချစ်နေကြတဲ့ အကြောင်းတွေ

လျှောက်ကာမပြောနဲ့......

ချစ်သူတို့ ရင်ထဲအစဉ်အမြဲအသည်းကဗျာရေးချယ်

မိုးအဆုံးမြေသဲ လက်တွဲလို့လည်ချင်တယ်

အပြုံးခြင်းယှက်ဖူးပွင့်မြူးလာသည့်နှယ်

(B) အချစ်ကြိုးများဆက်သွယ်စို့

ရှက်တယ်လို့မပြောနဲ့...

(G) တို့နှစ်ဦးချစ်နေကြတဲ့အကြောင်းတွေ

လျောက်ကာမပြောနဲ့...

(B) အချစ်ကြိုးများဆက်သွယ်စို့

ရှက်တယ်လို့မပြောနဲ့....

(G) တို့နှစ်ဦးချစ်နေကြတဲ့အကြောင်းတွေ

လျောက်ကာမပြောနဲ့....

ချစ်သူချင်းမို့ သိနားလည် de တွံတေးသိန်းတန်/ရတနာမိုင် - Letras y Covers