menu-iconlogo
huatong
huatong
avatar

ဒို့ဆုံမယ်

ထက္မြန္huatong
gu1dancehuatong
Letras
Grabaciones
သီချင်း : တို့ဆုံမယ်

တေးဆို : Htet Mon+Gae Gae

နင့်ကိုငါမြင်ချင်တာပျော်ရွင်နေတဲ့မျက်နှာ

ငါ့ရဲ့နှလုံးသားထဲက

စေတနာပါလွန်းတဲ့စကား..

နင်အဆင်မပြေတဲ့အချိန်

ငါငိုရပြီ မဆိုင်ပေမဲ့

ငါတို့ချစ်သူတွေမှမဟုတ်ကြတာ

နင့်ချစ်သူဟာဘယ်လိုကောင်မျိုးလဲကွာ

သူ့ကြောင့်အမြဲတမ်းနင့်ရဲ့

ငိုယိုနေတဲ့မျက်လွှာ

ငါမခံနိုင်ဆုံးပါ နင်မပျော်တော့ရင်

ရင်တမမနဲ့ နင်ခိုနားဖို့စောင့်လျှက်ပါ

ဝဋ်ကြွေးရှိသမျှဆပ်မယ်

ပူလောင်ပေမဲ့လဲကွာ

ချစ်ခဲ့ပြီးမှအခုတော့ နေပါစေတော့

ခဏတာ သူမလိုတော့ရင်

ငါနေခဲ့မယ် အသေအချာပဲ

သူမှသစ္စာမရှိခဲ့တာ

သစ္စာတရားဟာ

ငါအလိုချင်ဆုံးသောအရာ

နင်လေငါ့အတွက်ပေးမယ်

အေးချမ်းလွန်းတဲ့မေတ္တာ

တစ်ချိန်ချိန်ရောက်ရင် အတူဆုံရမှာ

သူရင်ထဲက

တကယ်မှငါ့ကိုမချစ်ခဲ့တာ

တို့ဆုံမယ် အပူပင်ချန်ထားလို့ရယ်

ငါ့ရင်မှာနင်တစ်ယောက်ထည်းပဲထားချင်

အန္တရာယ်တွေလဲရှိပါစေ

ဘယ်လိုအခက်ခဲရှိပါစေ

အပြန်အလှန်ရှိတဲ့အချစ်သာ

ရင်ခွင်တစ်ခုလုံးအေးလို့

နောက်ဆိုရင်ပျော်စရာတွေပဲရချင်

နင့်ကိုသာ ကြင်နာမှု့များပေးချင်

ဒဏ်ရာတွေလဲရပါစေ

ဝေဒနာတွေလဲရပါစေ

အသွားအပြန်ရှိသောမေတ္တာသာ

ရင်ခွင်တစ်ခုလုံးနွေးလို့ပါ..

ငါ့ရဲ့ရင်ခွင်ထဲမှာ

နင်နေဖို့အတွက်နေရာ

သစ္စာဖျာကိုခင်းပြီး

မေတ္တာစောင်လေးနဲ့သာ

ဘယ်အချိန်ထိမျက်ရည်တွေနဲ့

ချောင်မှာနေရမလဲကွာ

ငါကစိတ်မချနိုင်လို့

ဒီလိုစကားမျိုးပြောတာ

မင်းရယ်တို့ရယ်

တနေ့မှာအတူနေခွင့်ရမှာ

အခုတော့ သစ္စာမရှိတဲ့

လူတစ်ယောက်ရဲ့အနားမှာ

စွန့်စားပြီးထွက်လာမှာပေါ့

ပူလောင်နေလွန်းလို့ပါ..

ငါလဲပဲတောင့်တတာက

သာယာနိုင်တဲ့ချစ်ကမ္ဘာ..

နင်လိုချင်ရင်အကုန်လုံးပေးနိုင်တယ်

ငါကပေးဆပ်မဲ့လူမျိုး

နင့်ဟာငါ့အတွက်အရေးအပါဆုံး

ငါနင့်ရဲ့အဝေးဆုံးမှာ

မျှော်ကာနေတဲ့အကြည့်နဲ့သာ နေမှာ

ငါလိုချင်တာ

ဒီလိုအပူအပင် ဝေဒနာတွေရယ်

နာကျင်တာတွေမရှိတဲ့ဘဝ

ငါဒီဘဝကလွတ်လပ်မှ

ငါနင့်အနားပဲပြေးလာမှာ...

နင်ဆက်တွဲပေးပေါ့

ကြင်ကြင်နာနာဂရုစိုက်မှု့တွေနင်ပေးပေါ့

အချစ်များ....

တို့ဆုံမယ် အပူပင်ချန်ထားလို့ရယ်

ငါ့ရင်မှာ နင်တစ်ယောက်ထည်းပဲထားချင်

အန္တရာယ်တွေလဲရှိပစေ

ဘယ်လိုအခက်ခဲရှိပစေ

အပြန်အလှန်ရှိတဲ့အချစ်သာ

ရင်ခွင်တစ်ခုလုံးအေးလို့

နောက်ဆိုရင်ပျော်စရာတွေပဲရချင်

နင့်ကိုသာ ကြင်နာမှု့များပေးချင်

ဒဏ်ရာတွေလဲရပစေ

ဝေဒနာတွေလဲရပစေ

အသွားအပြန်ရှိသောမေတ္တာသာ

ရင်ခွင်တစ်ခုလုံးနွေးလို့ပါ..

တို့ဆုံမယ် အပူပင်ချန်ထားလို့ရယ်

ငါ့ရင်မှာနင်တစ်ယောက်ထည်းပဲထားချင်

အန္တရာယ်တွေလဲရှိပစေ

ဘယ်လိုအခက်ခဲရှိပစေ

အပြန်အလှန်ရှိတဲ့အချစ်သာ

ရင်ခွင်တစ်ခုလုံးအေးလို့

နောက်ဆိုရင်ပျော်စရာတွေပဲရချင်

နင့်ကိုသာ ကြင်နာမှု့များပေးချင်

ဒဏ်ရာတွေလဲရပစေ

ဝေဒနာတွေလဲရပစေ

အသွားအပြန်ရှိသောမေတ္တာသာ

ရင်ခွင်တစ်ခုလုံးနွေးလို့ပါ..

Más De ထက္မြန္

Ver todologo