menu-iconlogo
huatong
huatong
avatar

လွမ်းခွင့်လေး Unicode

နီနီခင်ဇော် Ni Ni Khin Zawhuatong
sharminpervinhuatong
Letras
Grabaciones
1

2

3

Go...

ပြောဖူးခဲ့တဲ့ စကားတွေ

ငါလေ ယုံကြည်နေဆဲကွယ်

ဒီပုံပြင်လေး

အဆုံးသတ်လို့သွားလည်း

နင်ပေးဖူးခဲ့တဲ့ အနမ်းတွေ

ငါလေရင်ခုန်နေဆဲကွယ်

နင်သာ အမှတ်တမဲ့

ငါ့အတွက် အမှတ်တရပဲ

အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး

အမုန်းနဲ့ အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ

အရာရာအကုန်ဖျက်ဆီးလို့သွားသူရယ်

ငါ မနာကျည်းပဲ

တချိန်ချိန်ပြန်လာနိုးနိုး

ငါ့ရင်ထဲ မျှော်နေမိတယ်

နင်မမြင်နိုင်တဲ့အမှောင်မှာ

တယောက်တည်းကြိတ်ကာ ငိုရင်းနဲ့

ဘယ်သောအခါမှ... မမုန်းခဲ့. .

နင်လေ မချစ်နိုင်တော့ရင်လည်း

ရည်ရွယ်လွမ်းခွင့်လေး

သနားသဖြင့်ပေးပါကွယ်

1

2

3

Go...

ဘုရားစူးပြောလိုက်ပါရစေ

ငါလေကျိန်ဆို ကျိန်ဝံ့တယ်

နင်တယောက်တည်း

ငါ့ဘဝမှာ ချစ်ခဲ့

အပြောင်းလဲများရဲ့နောက်ကွယ်

ဟန်ဆောင်လိမ်ညာမှုများရယ်

ငါသိလည်း

မပြောရက်ခဲ့ပါတယ်

အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး

အမုန်းနဲ့ အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ

အရာရာအကုန်ဖျက်ဆီးလို့သွားသူရယ်

ငါ မနာကျည်းပဲ

တချိန်ချိန်ပြန်လာနိုးနိုး

ငါ့ရင်ထဲ မျှော်နေမိတယ်

နင်မမြင်နိုင်တဲ့အမှောင်မှာ

တယောက်တည်းကြိတ်ကာ ငိုရင်းနဲ့

ဘယ်သောအခါမှ မမုန်းခဲ့

နင်လေ မချစ်နိုင်တော့ရင်လည်း

ရည်ရွယ်လွမ်းခွင့်လေး

သနားသဖြင့်ပေးပါကွယ်

အရာရာအကုန်ဖျက်ဆီးလို့သွားသူရယ်

ငါ မနာကျည်းပဲ

တချိန်ချိန်ပြန်လာနိုးနိုး

ငါ့ရင်ထဲ မျှော်နေမိတယ်

နင်မမြင်နိုင်တဲ့အမှောင်မှာ

တယောက်တည်းကြိတ်ကာ

ငိုရင်းနဲ့. .

ဘယ်သောအခါမှ...မမုန်းခဲ့

နင်လေ မချစ်နိုင်တော့ရင်လည်း

ရည်ရွယ်လွမ်းခွင့်လေး

သနားသဖြင့်ပေးပါကွယ်

နင်လေ မချစ်တော့ဘူးဆိုလည်း

ရည်ရွယ်လွမ်းခွင့်လေး

သနားသဖြင့်ပေးပါ...ကွယ်

Más De နီနီခင်ဇော် Ni Ni Khin Zaw

Ver todologo