ပန်တော်ကျဒေဝီ
နီနီဝင်းရွှေ
0း 25
အချစ် ဆိုတဲ့ ရမ္မက်လှိုင်း ....
မိုးးးကုတ် စက်ဝိုင်း ... မှ
ဘဝ ကမ်းခြေ ဆီ ...
တသိမ့်သိမ့်မြင်ရှာ တလိမ့်လိမ့်ချီကာ
လာ ချေ ပြီ ...
လှိုင်း လေကြား
မေမနားပဲ ကူးခဲ့သည်
(မောင်ရေ တကယ်ဆိုတော့
မေတ္တာအဏ္ဏဝါကိုဖြတ်သန်းပြီး
တဖက်ကမ်းကို အရောက်လှမ်းလာတဲ့
ဒုက္ခဟာမသေးပါလားကွယ်
ဘာဖြစ်လို့များ ဒါလောက်ကြီးမား
ပြင်းထန်လှတဲ့ လှိုင်းတံပိုးတွေကြားမှာ
ကူးနေရတာလဲလို့ ကိုယ့်ကိုယ်ကို
မေးကြည့်ပြီးတော့မှ အင်း
မောင့်ကိုချစ်လွန်းလို့ မောင့်မေတ္တာကို
လိုချင်လွန်းလို့ဆိုတဲ့အဖြေ
ပေါ်လာရပါတယ် အချစ်ရယ်)
အချစ်ဆိုတဲ့ ရမ္မက်လှိုင်း ....
မိုးးးကုတ် စက်ဝိုင်း ... မှ
ဘဝ ကမ်းခြေ ဆီ ...
တသိမ့်သိမ့်မြင်ရှာ တလိမ့်လိမ့်ချီကာ
လာ ချေ ပြီ ...
လှိုင်း လေကြား
မေမနားပဲ ကူးခဲ့သည်
Source Internet
မေတ္တာပန်းရွှေတစ်ခက်
ကမ်းခြေထက်မှာ ရှိပါလိမ့်မည်
ထိုဇောတွေက အမောပြေရသည်
မိန့်မူးလိမ့်လူး နဖူးသောင်စပ်
တန့် ရပ်တဲ့အခါဆီ ...
တွေ့မြင် ရပါရဲ့
မေတ္တာနွဲ့ ပန်းပလီ
ပျောက်တစ်လှည့် မှိန်တစ်ချီ
ဝိုးတဝါးမို့ ကြိုးစားကြည့်ရသည်
(ကမ်းခြေရောက်ရင်
ကိုယ်လိုချင်တဲ့ မေတ္တာတခက်ပန်း
ဆင်မြန်းရပါမယ်ဆိုတဲ့ ဇောကပိုနေတော့
မောရမှန်းမသိဘူးပေါ့
ကမ်းပါးသောင်စပ်ထိ ကပ်မိတော့
တွေ့ပါတယ်
မေတ္တာဆိုတဲ့ပလီပလာပန်းမှာ
မထင်မရှား ဝိုးတဝါးမို့
ကြိုးစားကြည့်ခဲ့ရပါတယ် မောင်ရယ်)
Source Internet
မေတ္တာပန်းရွှေတစ်ခက်
ကမ်းခြေထက်မှာ ရှိပါလိမ့်မည်
ထိုဇောတွေက အမောပြေရသည်
မိန့်မူးလိမ့်လူး နဖူးသောင်စပ်
တန့် ရပ်တဲ့အခါဆီ ...
တွေ့မြင် ရပါရဲ့
မေတ္တာနွဲ့ ပန်းပလီ
ပျောက်တစ်လှည့် မှိန်တစ်ချီ
ဝိုးတဝါးမို့ ကြိုးစားကြည့်ရသည်
ရတက် ဇောကြွ
မက်မောလှ လူပီပီ
အကန်းပမာ လှမ်းကာ
ဖမ်းရှာ ပေ .. မယ့်
အငွေ့ သဘော
ရွေ့လျော ပျောက်ကွယ် ပြီ...
(ပျောက်တခါမှိန်တလှည့်
ဖောက်ပြန်တဲ့ အချစ်ပန်းကိုမှ
ဟောဒီအကန်းမက အငမ်းမရ
လှမ်းရ ဖမ်းရတယ်လေ
ဟင်းဟင်းဟင်း ဩော်ဒါနဲ့
မက်မောတယ်ဆိုတဲ့စကား
ကြားဖူးတယ်မဟုတ်လားမောင်
ပညာရှိကြီးတွေက
ဘယ်လိုအဓိပ္ပါယ်မျိုး ဖွင့်မယ်ဆိုတာမသိပေမဲ့
ဒီကကိုယ်တွေသဘောပြောရရင်
မက်လွန်းလို့ မောရတယ်လို့ဆိုချင်တယ်
မောင့်မေတ္တာကို မက်လွန်းလို့
လိုချင်လွန်းလို့ တမ်းတမှန်းဆ
လှမ်းရပေမဲ့ အမှန်မဟုတ်
သရုပ်မထင်တဲ့ မေတ္တာမျိုးဆိုတော့
ဖမ်းလို့မရ ကိုင်လို့မတွယ်
အငွေ့သဘော ကြေလျောပျောက်ကွယ်သွားတယ်ကွာ
ကောင်းပါတယ်မောင်ရယ် ကောင်းပါတယ်
ပြုသူအသစ် ဖြစ်သူအဟောင်းလို့
ဘဝအကြောင်းကို ပုံရတော့မှာပဲ)
ရတက်ဇောကြွ ရတက်ဇောကြွ
မက်မောလှ လူပီပီ
အကန်းပမာ လှမ်းကာ
ဖမ်းရှာ ပေ .. မယ့်
အငွေ့ သဘော
ရွေ့လျော ပျောက်ကွယ် ပြီ...
ကျ မျက်ရည်ယို ..
ငိုတာက လွဲ .....
ဘာ တတ်နိုင်ဦးမှာလည်းဟဲ့
အချစ်မွဲ သခင်မ
ပန်တော်ကျ ဒေ..ဝီ ...
By AyeKyaw greentiger