နီးခြင်းဝေးခြင်းပညတ်များ
ရေး မောင်သစ်မင်း
Intro 🎶🎶🎶
☝ချစ်တဲ့စိတ်က
ဖမ်းစားတော့
ကိုကိုခေါ်ရင်လာမှာပေါ့
အာရှတိုက်ကြီးတောင်
စိတ်ထဲကကျဉ်းသယောင်
✌လွမ်းတဲ့စိတ်က
တွန်းပို့တော့
ကိုကိုခေါ်ရင်လာမှာပေါ့
ပစိဖိတ်သမုဒ္ဒရာ
ကန်အင်းလျားလောက်သာ
☝သွေးကြောထဲက
စွမ်းအင်များ
ကိုကိုဖန်ဆင်းပေးထားလား
ပိုင်းခြားထားတဲ့ခရီးမိုင်များ
လွယ်လွယ်ကျော်လွှားမယ့်
နှလုံးသား
တွန်းအားလား
ခွန်အားလား
ယုံကြည်မှုလား
အကြင်နာတရားရဲ့
မှတ်ကျောက်လား...
❣❣❣❣❣❣❣❣❣❣❣
♥♥♥♥♥♥♥♥♥♥♥
နီးခြင်းဝေးခြင်းပညတ်များ
ကိုကိုတီထွင်ကာပြုစား
သိပ်ဝေးတော့လွမ်းသလို
သိပ်နီးတော့ အချစ်ပို
✌သွေးကြောထဲက
စွမ်းအင်များ
ကိုကိုဖန်ဆင်းပေးထားလား
ပိုင်းခြားထားတဲ့ခရီးမိုင်များ
လွယ်လွယ်ကျော်လွှားမယ့်
နှလုံးသား
တွန်းအားလားကွယ်
ခွန်အားလား ယုံကြည်မှု
ခိုင်မာတဲ့အဓိပ္ပါယ်လား..
♥♥♥♥♥♥♥♥♥♥♥♥
solo music🎶🎶
❣❣❣❣❣❣❣❣❣❣❣
☝သွေးကြောထဲက
စွမ်းအင်များ
ကိုကိုဖန်ဆင်းပေးထားလား
ပိုင်းခြားထားတဲ့ခရီးမိုင်များ
လွယ်လွယ်ကျော်လွှားမယ့်
နှလုံးသား
တွန်းအားလားကွယ်
ခွန်အားလား ယုံကြည်မှု
ခိုင်မာတဲ့အဓိပ္ပါယ်လား..
✌တွန်းအားလားကွယ်
ခွန်အားလား ယုံကြည်မှု
ခိုင်မာတဲ့အဓိပ္ပါယ်လား..
♥♥♥♥♥♥♥♥♥♥♥♥
Have a nice time.❤
Upload TharrGyii 🎶