ကိုယ်စောင့်နတ်
တေးရေး/တေးဆို - ဖိုးပြည့်
ဟိုးကတည်းက မင်းရှိတယ်
ဒီရင်ဘတ် ဘယ်ဘက်ခြမ်းမှာ
နေရာယူ မင်းသာ
ငါ့ အချစ်ဦး ငါ့ အချစ်ဆူး
အပြောင်းအလဲကြီး သိပ်မလုပ်နဲ့
ဒီလူသား ယိုင်နဲ့နဲ့ပါ ဒဿဂီရိ
မဟုတ်ပါဘူး ငါ မျက်နှာ
အဲ့သလောက် မများပါဘူးလေ
နင်သာ ပုံမှန်မရှိသော
မိုးသက်တိမ်စိုင်တွေလို
ဘယ်နေရာမှာ တစ်ကွက်ကြားမိုး
အဖြစ် ရွာသွန်းဖြိုး
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ ရေးတဲ့ မြတ်နိုးခြင်း
ပန်းချီကား တစ်ချပ်လို
အသက်ရှင်ခြင်းတစ်ခုရဲ့
ဝင်သက်တစ်ခုလို.....
ဟိုးကတည်းက မင်းရှိတယ်
ဒီရင်ဘတ် ဘယ်ဘက်ခြမ်းမှာ
နေရာယူ မင်းသာ
ငါ့ အချစ်ဦး ငါ့ အချစ်ဆူး
တွေးတွေးပြီး မဆွေးရအောင်
မလွန်ခင်လေး အချိန်မှာ ဆုံးဖြတ်ပါ
ငါ့ကိုယ်ငါလည်း မချစ်ပါဘူး နင့်ကို
ငါ့အသက်ထက် ပိုချစ်တယ်
နင်သာ ပုံမှန်မရှိသော
မိုးသက်တိမ်စိုင်တွေလို
ဘယ်နေရာမှာ တစ်ကွက်ကြားမိုး
အဖြစ် ရွာသွန်းဖြိုး
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ ရေးတဲ့ မြတ်နိုးခြင်း
ပန်းချီကား တစ်ချပ်လို
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ ရေးတဲ့ မြတ်နိုးခြင်း
ပန်းချီကား တစ်ချပ်လို
အသက်ရှင်ခြင်းတစ်ခုရဲ့
ဝင်သက်တစ်ခုလို.....
ရှိုက်ငင်ခြင်းများရဲ့
ဝင်သက်တစ်ခုလို.....
နင်သာ ပုံမှန်မရှိသော
မိုးသက်တိမ်စိုင်တွေလို
ဘယ်နေရာမှာ တစ်ကွက်ကြားမိုး
အဖြစ် ရွာသွန်းဖြိုး
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ ရေးတဲ့ မြတ်နိုးခြင်း
ပန်းချီကား တစ်ချပ်လို
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ ရေးတဲ့ မြတ်နိုးခြင်း
ပန်းချီကား တစ်ချပ်လို
အသက်ရှင်ခြင်းတစ်ခုရဲ့
ဝင်သက်တစ်ခုလို.....
ရှိုက်ငင်ခြင်းများရဲ့
ဝင်သက်တစ်ခုလို.....