ချစ်စံနမူ
ဖြူသီ
Say_Z
( အား...
အချစ်အတွက် ဆိုရင်
သမုဒ္ဒရာရေကိုလည်း
အကုန်သောက်ပြနို်င်တယ်
မြင့်မိုရ်တောင်ကိုလည်း
ကျော်ဖြတ်နိုင်တယ် တဲ့... )
အချစ်အတွက် ဆိုရင်ကွယ်
သောက်ဦးမကွယ့် သမုဒ္ဒရာရေအကုန်
အချစ်အတွက် ဆိုရင်ကွယ်
ကျော်လိုက်မဟဲ့ မြင့်မိုရ်တောင်ကို
အရှေ့ကမ္ဘာအနောက်ကမ္ဘာ
သမိုင်းကြောင်းလေးတွေမှာ
အသက်ကိုစွန့်ကာ
အချစ်စံနမူပေါင်းများစွာ...
ထီးမွေ နန်းမွေ စွန့်..ခဲ့ကြတာ
အက်ဒွပ်မင်းကို သက်သေထူလို့ပြနိုင်တာ
ကလီယိုပါထျာကိုသာ...
ချစ်လွန်းတဲ့ မင်းဆီဇာ
စစ်တလင်း စွန့်ကာခွာ...
အန်ထော်နီ အချစ်နောက်ပါ
အချစ်အတွက် ဆိုရင်ကွယ်...
လူမျိုးလည်း မငဲ့နိုင်ပါတယ်
အချစ်အတွက် ဆိုရင်ကွယ်...
အသွေးအသက် ပေးလှူနိုင်တယ်
အရှေ့ကမ္ဘာအနောက်ကမ္ဘာ
သမိုင်းကြောင်းလေးတွေမှာ
အသက်ကိုစွန့်ကာ
အချစ်စံနမူပေါင်းများစွာ...
မင်းကျန်ရစ်ဟာ ဥ ဿာ မင်းရဲ့သမီးကို
မင်းပစ် မင်းဒဏ်သူ့မှာခံပြီးအချစ်ပို
စံတင်ထား အချစ်ပုံပမာ...
ရှင်မွေးလွန်း မင်းနန္ဒာ...
ဤပုံများ သက်သေပါ...
ရာဇဝင်မှာ အချစ်အက္ခရာ...
အချစ်အတွက် ဆိုရင်ကွယ်..
လူမျိုးလည်း မငဲ့နိုင်ပါတယ်
အချစ်အတွက် ဆိုရင်ကွယ်..
အသွေးအသက် ပေးလှူနိုင်တယ်
Music....
အချစ်အတွက် ဆိုရင်ကွယ်
သောက်ဦးမကွယ့် သမုဒ္ဒရာရေအကုန်
အချစ်အတွက် ဆိုရင်ကွယ်
ကျော်လိုက်မဟဲ့ မြင့်မိုရ်တောင်ကို
အချစ်အတွက် ဆိုရင်ကွယ်..
လူမျိုးလည်း မငဲ့နိုင်ပါတယ်
အချစ်အတွက် ဆိုရင်ကွယ်..
အသွေးအသက် ပေးလှူနိုင်တယ်
ဟာ... ဟာ ဟာ ဟား ဟား ဟာ ဟာ
ဟာ... ဟာ ဟာ ဟား ဟား ဟာ ဟာ
Thank For All
Say_Z