menu-iconlogo
huatong
huatong
-u200bu200b-cover-image

အရှုံuး200bပေးထားတယ်u200b

ဗျူဟာhuatong
👉🎩ÕoÕo~Ýîțț~Ĥțõãđ🎩👈.huatong
Letras
Grabaciones
အရှုံးပေးထားတယ်

ဗျူဟာ

(Talking)

ကိုယ်မချစ်မနှစ်သက်တဲ့

ယောကျာင်္းလေးတစ်ယောက်ကို

ဘယ်တော့မှ မျှော်လင့်ချက်

မပေးမိပါစေနဲ့

မိန်းကလေးများ ခဗျာ

Upladed by

👉🎩ÕoÕo~Ýîțț~Ĥțõãđ🎩👈

Choး နင့်ကိုချစ်တဲ့စိတ်လေးတခုနဲ့

မင်းဆန္ဒတွေလိုက်လျောခဲ့တယ်

အနိုင်ယူပါတော့ချစ်သူရယ်

အရှုံးပေးချစ်နေမယ်

မင်းလိုအပ်တာဖြည့်ဆည်းပေးမယ်

နင့်ရဲ့အနားမှာငါအမြဲရှိတယ်

မှန်ကန်တဲ့စကားတစ်ခွန်းဆိုမယ်

တသက်လုံး..အတွက်

မင်း..တစ်ယောက်သာပဲ

rap. မင်းငါ့ကိုဘာကြောင့်

ဒီလောက်ထိနှိပ်စက်တာလဲ

ငွေမရှိတဲ့ငါ့အပေါ်ကို

နင်ဘာကြောင့် ရိတ်ခဲ့တာလဲ

မလှိမ့်တပတ်လုပ်နေတာကို

ငါ့ဖသာငါချစ်ခဲ့နာခဲ့

ချစ်လွန်းလို့အလိုလိုက်တာကို

အလိုက်မသိတော့

စိတ်ပျက်စရာပဲ

နောက်တစ်ယောက်နဲ့တွေ့လိုက်တယ်

မင်းကိုမေးမယ်ဘာတွေလဲ

အရွဲ့တိုက်ပြီးပြောတဲ့စကားက

သူရည်းစားတဲ့ ငါကြေကွဲ

ငါကြေကွဲ ဘာတွေလဲ

ရင်ဘက်ထဲမှာနာနေခဲ့

မင်းနာမည်တစွန်းတစက

ငါ့လက်ဖျံမှာအရာထင်ခဲ့

အနေနီးတဲ့နင်နဲ့ငါ

မင်းလိုအပ်တာဖြည့်ဆည်းခဲ့

အခြေကြီးတဲ့မင်းမိဘက

လိုချင်တာရွှေကြီးပဲ

မြေကြီးထဲရောက်နေတဲ့

ဦးနှောက်တွေက အသေကြီးပဲ

လေကြီးတဲ့မင်းမိဘကို

သည်းခံပြီးတော့ ဖြည်ဆည်းခဲ့

ကျောင်းဆင်းချိန်မိုးရွာထဲမှာ

ငါတစ်ယောက်ထဲ ထီးလဲမပါ

နှုတ်ခမ်းတွေပြာ ချမ်းနေတာ

ငါဘယ်တော့မှ မညည်းခဲ့ပါ

ဒါတွေကို လှည့်မကြည့်ပဲ

နောက်တစ်ယောက်နဲ့မင်းထွက်လာ

ကြေကွဲခြင်း ဝမ်းနည်းခြင်းနဲ့

ငါ့ဒေါသက မီးခဲပမာ

ချစ်သလို မချစ်သလိုမျိုး

မင်းငါ့ကိုလုပ်မနေနဲ့

ဟိုကောင့်လို ဒီကောင်လို

ဒါမျိုးတွေရှုပ်မနေနဲ့

မလှိမ့်တပတ်လုပ်ဖို့အတွက်

အကြံအဥာဏ်တွေထုတ်မနေနဲ့

မင်းငါ့ကိုထားခဲ့ချင်လဲ

ထားခဲ့လိုက်ပါ လုပ်မနေနဲ့

ဦးနှောက်တွေ ခြောက်ရပါပြီ

မိန်းမဆိုကြောက်ရပါပြီ

ပုတီးစိပ်ပြီးတရားထိုင်ဖို့

စိတ်ကူးလဲပေါက်ရပါပြီ

ချွဲနွဲ့တဲ့စကားတွေကို

ကြားရုံနဲ့တင်ကြောက်လှပါပြီ

လိုချင်တာ တခုခုတွေ့ရင်

မင်းမျက်လုံးကတောက်ပလာပြီ

မချစ်ပဲနဲ့ယောကျာ်းတယောက်ကို

မင်းတို့တွေပညာမပြနဲ့

အချစ်ဆုံးပါ အကြိုက်ဆုံးပါလို့

မင်းတို့ပါးစပ်ကလာညာမချနဲ့

ယောကျာ်းတွေအသဲခွဲမှ

မင်းတို့တွေရင်မနာကြနဲ့

ငါသိတယ်သဘောတရားက

အားလုံးဟာ သင်္ခါရ တဲ့

Choး နင့်ကိုချစ်တဲ့စိတ်လေးတခုနဲ့

မင်းဆန္ဒတွေလိုက်လျောခဲ့တယ်

အနိုင်ယူပါတော့ချစ်သူရယ်

အရှုံးပေးချစ်နေမယ်

မင်းလိုအပ်တာဖြည့်ဆည်းပေးမယ်

နင့်ရဲ့အနားမှာငါအမြဲရှိတယ်

မှန်ကန်တဲ့စကားတစ်ခွန်းဆိုမယ်

တသက်လုံး..အတွက်

မင်း..တစ်ယောက်သာပဲ

rap. လူလဲမသိ သူလဲမသိ

ငါ့စိတ်ထဲမှာ နင်ပဲရှိတယ်

ရင်ခွဲကြည့် နင်ပဲရှိ

ဒါတွေကိုဘယ်သူ့မှမသိလဲ

မင်းငါ့ကိုထားခဲ့ရင်လဲ

မင်းလုပ်ရက်အတွက်ငါကြေနပ်တယ်

ချစ်တဲ့စိတ်တခုထည်းနဲ့

မင်းလိုအပ်တာဖြည့်ဆည်းခဲ့တယ်

အနိမ့်ဆန်တဲ့ဘဝကိုပဲ

အရူးဖြစ်သွားအောင်လုပ်ချင်တာလား

အတိတ်ကံကဝဋ်ကြွေးတွေက

ထိတ်လန့်သွားအောင်ကြိတ်ခံစား

စိတ်မမှန်တဲ့လူတစ်ယောက်လို

အာရုံတွေက လွင့်ခြောက်ခြား

ကြိတ်ခံလို့သွားမှာပါ

နောက်တစ်ယောက်နဲ့ပျော်ပါစေသား

မျှော်လင့်ချက်တွေပေးပြီးတော့

ယောကျာ်းတိုင်းကို အသဲခွဲသလား

အဟုတ်ကြီးထင်မိခဲ့တဲ့

ငါ့ရဲ့အသဲလဲကွဲပြဲသွား

လုပ်ပြီးမှသနားမနေနဲ့

ငါ့ဘဝလဲရွဲပြဲသွား

ငရုတ်သီးအပေါ်ပျားရည်စမ်းပြီး

မင်းငါ့ကိုကျွေးခဲ့သလား

နင့်လက်နဲ့ခွံမယ်ဆိုရင်

သေဆေးလဲစားရဲတယ်

နင့်အတွက်နဲ့သတ္တိမွေးလို့

အန္တရာယ်တွေလဲတားရဲတယ်

အနွံတာခံချစ်တဲ့ငါ့ကို

မင်းမို့လို့ထားရက်တယ်

နောက်တစ်ယောက်နဲ့ချစ်နေပြီ

ဒီစကားတွေကြားခဲ့တယ်

မချစ်ပဲနဲ့နင်ငါ့ကို

ဘာကြောင့်များ မျှောထားတာလဲ

အသဲကွဲတဲ့ငါ့ကိုကြည့်ပြီး

သူငယ်ချင်းတွေဒေါပွတာပဲ

မင်းရည်းစားလူပေါကြီးအကြောင်း

ငါ့အရှေ့မှာမပြောပြပါနဲ့

မင်းအပေါ်မှာအရမ်းကောင်းပြီး

ဂရုစိုက်တာသဘောကျစရာပဲ

ခံစားရခက်နေတယ်

အမှန်တရားကသက်သေပဲ

ငါဘယ်လိုဟန်ဆောင်နေလဲ

ငါ့မျက်လုံးကမျက်ရည်ဝဲ

အပေါင်းအသင်းတွေကြားထဲမှာ

ငါ့ဖသာငါရှက်နေခဲ့

အချစ်မရှိတဲ့လောကကြီးမှာ

ငါဘယ်လိုဆက်နေမလဲ

Choးနင့်ကိုချစ်တဲ့စိတ်လေးတခုနဲ့

မင်းဆန္ဒတွေလိုက်လျောခဲ့တယ်

အနိုင်ယူပါတော့ချစ်သူရယ်

အရှုံးပေးချစ်နေမယ်

မင်းလိုအပ်တာဖြည့်ဆည်းပေးမယ်

နင့်ရဲ့အနားမှာငါအမြဲရှိတယ်

မှန်ကန်တဲ့စကားတစ်ခွန်းဆိုမယ်

တသက်လုံး..အတွက်

မင်း..တစ်ယောက်သာပဲ

စာသား​ရေး​ပေးတဲ့သဲ​ရေ

ကျေးဇူးအထူးပါလို့😍

Más De ဗျူဟာ

Ver todologo

Te Podría Gustar