တံငါရွာ နေပူထဲ
ကွန်တွေလည်း ဖြန့်လို့သာ
ပင်လယ်ပြင်မှာ ငါးဖမ်းဝမ်းစာရှာ
နေညိုချိန်မှာလည်း
အိမ်သူမယား သားသမီးတွေ
အပြန်လမ်း မြစ်ကမ်းကစောင့်ကြိုရှာ...
တစ်နေ့တော့လေ
လေမုန်တိုင်းကြီးကျလို့လာ
ဝမ်းနည်းစရာ
ပင်လယ်ထဲ ငါးဖမ်းသွားတဲ့ တို့ရဲ့အဖေ
ပြန်လာချိန်ဟာ နောက်ကျခဲ့ပြီ
နေ၀င်တဲ့အခါ...
အမေဟာ ငိုပြီပဲ
ခိုကာတွဲလို့ ကျမျက်ရည်
ကံကြမ္မာကိုသာ တွေးရင်းစောင့်မျှော်ပါ
အချိန်ဟာ တစ်ခါပြန်လို့
မနက်မိုးလင်း ရောက်ခဲ့ပြီ
စီကာရီကာ ကမ်းစပ်ကမျှော်ရှာ..
မွန်းလွဲချိန် နေရောင်လည်းကျလုပြီ
ဝေးဝေးမှာ လှေငယ်လေး
မျောရင်းမျောရင်း နီးလို့လာ
အဖေပြန်မပါ
လှိုင်းများပုတ်ကာ စုန်ဆန်မျောလာ...
ဘာကိုဆိုနိုင်မလဲ
ကံတရားရဲ့ အဆုံးအဖြတ်သာ
မလွန်ဆန်နိုင်ပါ ခေါင်းငုံ့လို့နေမှာ
သောင်ပြင်ရေစပ်နား
နေညိုတိုင်းလည်း သွားလို့သာ
အမေဟာ ငိုကာခုထိစောင့်နေရှာ...
တံငါရွာ နေပူထဲ
ကွန်တွေလည်း ဖြန့်လို့သာ
ပင်လယ်ပြင်မှာ ငါးဖမ်းဝမ်းစာရှာ
နေညိုချိန်မှာလည်း
အိမ်သူမယား သားသမီးတွေ
အပြန်လမ်း မြစ်ကမ်းကစောင့်ကြိုရှာ...
တစ်နေ့တော့လေ
လေမုန်တိုင်းကြီးကျလို့လာ
ဝမ်းနည်းစရာ
ပင်လယ်ထဲ ငါးဖမ်းသွားတဲ့ တို့ရဲ့အဖေ
ပြန်လာချိန်ဟာ နောက်ကျခဲ့ပြီ
နေ၀င်တဲ့အခါ...
အမေဟာ ငိုပြီပဲ
ခိုကာတွဲလို့ ကျမျက်ရည်
ကံကြမာကိုသာ တွေးရင်းစောင့်မျှော်ပါ
အချိန်ဟာ တစ်ခါပြန်လို့
မနက်မိုးလင်း ရောက်ခဲ့ပြီ
စီကာရီကာ ကမ်းစပ်ကမျှော်ရှာ...
မွန်းလွဲချိန် နေရောင်လည်းကျလုပြီ
ဝေးဝေးမှာ လှေငယ်လေး
မျောရင်းမျောရင်း နီးလို့လာ
အဖေပြန်မပါ
လှိုင်းများပုတ်ကာ စုန်ဆန်မျောလာ...
ဘာကိုဆိုနိုင်မလဲ
ကံတရားရဲ့ အဆုံးအဖြတ်သာ
မလွန်ဆန်နိုင်ပါ ခေါင်းငုံ့လို့နေမှာ
သောင်ပြင်ရေစပ်နား
နေညိုတိုင်းလည်း သွားလို့သာ
အမေဟာ ငိုကာခုထိစောင့်နေရှာ...
Thank,