menu-iconlogo
huatong
huatong
avatar

ခင်

မင်းစည်သူhuatong
తꀧతsaungతꀧతhuatong
Letras
Grabaciones
ခင်

တေးဆို-မင်းစည်သူ

ခင်မင်မှုနဲ့စခဲ့ပြီး အတူချစ်ကျွမ်းမိခဲ့ပါ၏

ဒီဇတ်လမ်းလေး မဆုံးခင်အထိ

ခင့်အပေါ် ချစ်ခွင့်ရချင်သည်..

ခင်အစပျိုးတဲ့ အချစ်ကမ္ဘာက

ခင်သာရုန်းထွက် သွားတာပါ

ဒီလူအသည်းက မျက်နှာမများခဲ့တာ

မင်းလည်းသိမှာပါ

အနမ်းတစ်ပွင့် ပန်းလိုမြေမှာကြွေ

ကိုယ့်အချစ် မင်းမြင်နိုင်ပါစေ...

ဆုတောင်းရင်း တောင်းရင်းတောင်းရင်း ပိုဝေးနေ

ခင့်အချစ်လမ်း ဒီဝင်္ကမ္ဘာအလည်

ပြန်လမ်းမရှိမမေ့နိုင် သံသယာလည်

အို မုန်းဖို့ တွေးရင်း တွေးရင်း ပိုလွမ်းနေ...

ခင့်အနားမှာ ခင်တွယ်သူကို

အခါခါနာကြင်မှုအတွက် အသည်းကိုခွဲ

ခင် ခါးခါးသီးသီး မုန်းရက်ခဲ့တာပဲ...

တစ်ချိန်ကအတူ ခင်ခင်မင်မင်

ပျော်ရွှင်စရာတွေ အမှတ်တရလေးတွေလည်း

ခင် ခါးခါးသီးသီး မေ့ပစ်ခဲ့တာပဲ...

ခင် သိပ် ရက်စက် တယ်

ခင်အစပျိုးတဲ့ အချစ်ကမ္ဘာက

ခင်သာရုန်းထွက် သွားတာပါ

ဒီလူအသည်းက မျက်နှာမများခဲ့တာ

မင်းလည်းသိမှာပါ...

ခင်မင်မှုနဲ့စခဲ့ပြီး အတူချစ်ကျွမ်းမိခဲ့ပါ၏

ဒီဇတ်လမ်းလေး မဆုံးခင်အထိ

ခင့်အပေါ် ချစ်ခွင့်ရချင်သည်

အနမ်းတစ်ပွင့် ပန်းလိုမြေမှာကြွေ

ကိုယ့်အချစ် မင်းမြင်နိုင်ပါစေ

ဆုတောင်းရင်း တောင်းရင်းတောင်းရင်း ပိုဝေးနေ

ခင့်အချစ်လမ်း ဒီဝင်္ကမ္ဘာအလည်

ပြန်လမ်းမရှိမမေ့နိုင် သံသယာလည်

အို မုန်းဖို့ တွေးရင်း တွေးရင်း ပိုလွမ်းနေ..

ခင့်အနားမှာ ခင်တွယ်သူကို

အခါခါနာကြင်မှုအတွက် အသည်းကိုခွဲ

ခင် ခါးခါးသီးသီး မုန်းရက်ခဲ့တာပဲ...

တစ်ချိန်ကအတူ ခင်ခင်မင်မင်

ပျော်ရွှင်စရာတွေ အမှတ်တရလေးတွေလည်း

ခင် ခါးခါးသီးသီး မေ့ပစ်ခဲ့တာပဲ...

ခင့်အနားမှာ ခင်တွယ်သူကို

အခါခါနာကြင်မှုအတွက် အသည်းကိုခွဲ

ခင် ခါးခါးသီးသီး မုန်းရက်ခဲ့တာပဲ...

တစ်ချိန်ကအတူ ခင်ခင်မင်မင်

ပျော်ရွှင်စရာတွေ အမှတ်တရလေးတွေလည်း

ခင် ခါးခါးသီးသီး မေ့ပစ်ခဲ့တာပဲ

ခင် သိပ် ရက်စက် တယ်

ပျော်ရွှင်ချမ်းမြေ့ပါစေ

Más De မင်းစည်သူ

Ver todologo