menu-iconlogo
logo

ဆန္ဒတစ်စုံ

logo
Letras
ဆန္ဒတစ်စုံ

တေးရေး ကေအေတီ

တေးဆို ဝိုင်ဝိုင်း မဒီ

မြေမှာတို့ရဲ့အချစ်ပန်းလေး

ပျက်ကြွေသွားချိန်မှာ

နင်းဖြတ်ကာ သွားတော့မယ်

မေ့လိုက်မယ် သွားဖို့လွယ်မလား

ကိုယ်ဟာမင်းရဲ့ကိုယ်စားခံ

ပျက်သုန်းပေးချင်တာ

ချစ်တဲ့သူ ငါ့သွေးအားများနဲ့လန်းဆန်းနေပါ

လေပြည်သူ့ကြောင့်ကြွေသွားမယ့်

နေ့ရောက်တဲ့အချိန်မှာ

ကိုယ့်အတွက်နဲ့ဝန်ခံကြွေလိုက်ပါ

စေခိုင်းဖို့မလွယ်ပါ

ကိုယ်ဟာမင်းရဲ့ကိုယ်စားပဲပေးဆပ်ချင်ခဲ့တာ

ကိုယ်သာပေးဆပ်လိုခြင်း

နှလုံးသား ယူသွားလိုက်ပါ

အို ဝေးကွာအောင် လမ်းဘယ်လို

တားဆီးလည်း အဆုံးတိုင်အောင် ချစ်မယ့်သူပါ

တို့ဝေးနေလည်း လှမ်းခေါ်ကာပြော..မှာ

မကြားနိုင်အောင် ဝေးလို့မနေပါ

သေချာတယ် အနီးဆုံးသွေး

ဘယ်သူတွေတားဆီးစေ

နှလုံးသားချင်း နီးနေဦးမှာ

အချိန်စက်ဝိုင်းလှည့်ပတ်သမျှ

အကြိမ်ကြိမ်တိုင်စိတ်ချပါ

ပြောင်းလဲတိုင်းမပြောင်းလဲနိုင်ပါ

ကိုယ်ဟာမင်းရဲ့ကိုယ်စားခံ

ပျက်သုန်းပေးချင်တာ

ချစ်တဲ့သူငါ့သွေးအားများနဲ့ လန်းဆန်းနေပါ

ကိုယ်သာမင်းရဲ့ကိုယ်စားပဲ ပေးဆပ်ချင်ခဲ့တာ

ကိုယ်သာပေးဆပ်လိုခြင်း

နှလုံးသား ယူသွားလိုက်ပါ

အို ဝေးကွာအောင် လမ်းဘယ်လို

တားဆီးလည်း အဆုံးတိုင်အောင် ချစ်မယ့်သူပါ

တို့ဝေးနေလည်း လှမ်းခေါ်ကာပြော..မှာ

မကြားနိုင်အောင် ဝေးလို့မနေပါ

သေချာတယ် အနီးဆုံးသွေး

ဘယ်သူတွေတားဆီးစေ

နှလုံးသားချင်း နီးနေဦးမှာ

အချိန်စက်ဝိုင်းလှည့်ပတ်သမျှ

အကြိမ်ကြိမ်တိုင်စိတ်ချပါ

ပြောင်းလဲတိုင်းမပြောင်းလဲနိုင်ပါ

အို ဝေးကွာအောင် လမ်း

ဘယ်လိုတားဆီးလည်း

အဆုံးတိုင်အောင်ချစ်မယ့်သူပါ

တို့ဝေးနေလည်း လှမ်းခေါ်ကာပြော..မှာ

မကြားနိုင်အောင် ဝေးလို့မနေပါ

သေချာတယ် အနီးဆုံးသွေး

ဘယ်သူတွေတားဆီးစေ

နှလုံးသားချင်း နီးနေဦးမှာ

အချိန်စက်ဝိုင်းလှည့်ပတ်သမျှ

အကြိမ်ကြိမ်တိုင်စိတ်ချပါ

ပြောင်းလဲတိုင်းပြောင်းလဲမသွားပါ......