သီချင်း - ချစ်သူသို့
တေးဆို - မို့မို့
ချစ်သူလေးရယ်ဝေးနေကြတယ်
နေနဲ့ညတွေမဟောင်းနွမ်းဘူး
ရင်မှာမပြောင်းခဲ့ဘူးအချစ်ရယ်
တွေးနေလားကွယ် ကိုယ်နဲ့မင်းနဲ့အရင်အချိန်များရယ်
တွေ့ဖို့ရက်တွေနီးနီးလေး
ရင်မှာအမြဲမှတ်ထားမိတယ်
အချိန်တွေပြောင်းနေနေရာဟောင်းတွေ
ကိုယ်လေအမြဲရှိနေပါတယ်
အတူပျော်ရမယ့်နောက်ရက်တွေမျှော်လင့်ရင်းလေ
ရင်မှာမင်းသာတစ်ယောက်တည်းပါ
ပူပင်တတ်တဲ့ဝေဒနာတကယ်လိုမထားနဲ့ စိတ်ချစွာယုံကြည်ထားပါ
စိတ်တွေသွားရာကိုယ်လေလိုက်နေမိတယ်
မင်းရဲ့ပခုံးပေါ်လဲလျောင်းရင်းကိုယ်တို့မခွဲတော့ဘူးအချစ်ရယ်
နေ့စဉ်အလွမ်းတွေရင်ကိုကြမ်းတမ်းဝင်ရောက်နေ
ဒီသီချင်းလေးနဲ့အတူ ကိုယ်အချစ်များတကယ်ကိုမင်းအတွက်အေးချမ်းစေ
(ရင်မှာမင်းသာတစ်ယောက်ထဲပါ
ထာဝရအချစ်တည်နေရာ
ဘယ်အခါပြောင်းလဲသိပ်ချစ်မှာယုံကြည်ထားပါ) x 2
အချိန်တွေပြောင်းနေပြန်ဆုံမယ့်နေ့တွေကိုယ်လေအမြဲစောင့်နေမှာပါ
အတူပျော်ရမယ့်နေ့ရက်တွေမျှော်လင့်ရင်းလေ
(ရင်မှာမင်းသာတစ်ယောက်ထဲပါ
ထာဝရအချစ်တည်နေရာ
ဘယ်အခါပြောင်းလဲသိပ်ချစ်မှာယုံကြည်ထားပါ) x 2
အချိန်တွေပြောင်းနေပြန်ဆုံမယ့်နေ့တွေကိုယ်လေအမြဲစောင့်နေမှာပါ
အတူပျော်ရမယ့်နေ့ရက်တွေမျှော်လင့်ရင်းလေ