သီချင်း - မင်းပေးတဲ့ကမ္ဘာ
တေးဆို - မို့မို့
စက္ကန့် မိနစ် နာရီတွေအားလုံး
မင်းနဲ့တွေ့ခိုက် အချိန်တွေဘယ်လိုကုန်သွားမှန်း
ကိုယ်လေလုံးဝမသိလိုက်ဘူး
မျက်ဝန်းလေးများရဲ့ဘာသာမဲ့စကားထဲ
လောကကြီးရဲ့အဆင်မပြေမှုများလည်း
ဒီအချိန်ဘာမှသတိမရတော့ဘူးဘေဘီ
အို ငြိမ်းချမ်းလွန်းတဲ့ရင်ခုန်သံကို ခံစားအသက်ဝင်လို့
ထူးဆန်းလွန်းတဲ့တစ်စုံတစ်ရာအလယ်မှာတို့ရုန်းမထွက်နိုင်ခဲ့
မင်းလေးရှိမှဖြစ်မဲ့ဘဝတစ်ခုငါတမ်းတနေလို့
စိတ်ချမရတဲ့ ကံကြမ္မာတွေရယ် တို့ဝေးသွားမှာစိုး
စမ်းချောင်းလေးနဲ့ လေပြည်လေညင်းများ
ပန်းများဖူးပွင့်ကြယ်စင်ညများလည်း ကမ္ဘာမှာမင်းကြောင့်ရခဲ့ဖူး
ကလေးရယ် မင်းရဲ့အပြုံးတစ်ချက်ငါ့ရင်ကိုရောက်တိုင်းလည်း
မုန်တိုင်းများစဲခဲ့ဒဏ်ရာတွေပြေးထွက်
ငါခြောက်သွေ့လွန်းစွာရူး ရူးဆဲကွယ်
စက္ကန့် မိနစ် နာရီတွေအားလုံး
မင်းနဲ့တွေ့ခိုက် အချိန်တွေဘယ်လိုကုန်သွားမှန်း
ကိုယ်လေလုံးဝမသိလိုက်ဘူး
မျက်ဝန်းလေးများရဲ့ဘာသာမဲ့စကားထဲ
လောကကြီးရဲ့အဆင်မပြေမှုများလည်း
ဒီအချိန်ဘာမှသတိမရတော့ဘူးဘေဘီ
ငြိမ်းချမ်းလွန်းတဲ့ရင်ခုန်သံကို ခံစားအသက်ဝင်လို့
ထူးဆန်းလွန်းတဲ့တစ်စုံတစ်ရာအလယ်မှာတို့ရုန်းမထွက်နိုင်ခဲ့
မင်းလေးရှိမှဖြစ်မဲ့ဘဝတစ်ခုငါတမ်းတနေလို့
စိတ်ချမရတဲ့ ကံကြမ္မာတွေရယ် တို့ဝေးသွားမှာစိုး
စမ်းချောင်းလေးနဲ့ လေပြည်လေညင်းများ
ပန်းများဖူးပွင့်ကြယ်စင်ညများလည်း ကမ္ဘာမှာမင်းကြောင့်ရခဲ့ဖူး
ကလေးရယ် မင်းရဲ့အပြုံးတစ်ချက်ငါ့ရင်ကိုရောက်တိုင်းလည်း
မုန်တိုင်းများစဲခဲ့ဒဏ်ရာတွေပြေးထွက်
ငါခြောက်သွေ့လွန်းစွာရူး ရူးခဲ့တယ်
ရူးခဲ့တယ်
ရူးခဲ့တယ်