menu-iconlogo
logo

မျက်စိမှိတ်ချစ်နေမယ်

logo
Letras
မပီပြင် ဝိုးတဝါး အချစ်တစ်ခုတည်း

ခုံမင် နှစ်သက်လို့နေခဲ့..

ယုံတမ်းစကားပြောကာ ချစ်ပြလိုက်တာ

မျှော်နေသူပါကွယ်..

နွေရာသီလမ်းကလေး လှနေဆဲ..

ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ...

ချစ်ခြင်းဖွဲ့စကားတွေပြောခဲ့ကြတာ

ပြန်မြင်ယောင်နေတယ်...

အချစ်တွေမကုန်ဆုံးဘူး မပျက်သုဉ်းဘူး

ကိုယ်တစ်ယောက်တည်း ချစ်ပြပါ့မယ်

သူ့စိတ်ကူးထဲ ကိုယ်မရှိခဲ့

အချိန်ရယ် ကြာပြီပဲ...

အို... တို့အချစ်က

လှောင်ရယ်စရာများ ဖြစ်နေလား

မင်းရဲ့အမြင်နဲ့တစ်ဖက်သတ်အမှား

ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ

တစ်ချိန်မှာ ဝေးကြရဖို့..

တစ်ချိန်ကသိပ်ချစ်ခဲ့တာလား..

မပြတ်သားတဲ့အချစ်ကို

အဆုံးသတ်ချင်လိုက်တာ...

အိပ်မက်လေးလည်း သိပ်ကြေကွဲ

အချိန်တွေခြားလို့ လွင့်ပြယ်ခဲ့..

ဘာမှန်းမသိတဲ့အချစ်အပေါ်

အလေးအနက်ထားတာ

ကိုယ်လွန်ပြီ ထင်တယ်...

နွေရာသီလမ်းကလေး လှနေဆဲ..

ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ...

ချစ်ခြင်းဖွဲ့စကားတွေပြောခဲ့ကြတာ

ပြန်မြင်ယောင်နေတယ်...

အချစ်တွေမကုန်ဆုံးဘူး မပျက်သုဉ်းဘူး

ကိုယ်တစ်ယောက်တည်း ချစ်ပြပါ့မယ်

သူ့စိတ်ကူးထဲ ကိုယ်မရှိခဲ့

အချိန်ရယ် ကြာပြီပဲ...

အို... တို့အချစ်က

လှောင်ရယ်စရာများ ဖြစ်နေလား

မင်းရဲ့အမြင်နဲ့တစ်ဖက်သတ်အမှား

ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ

တစ်ချိန်မှာ ဝေးကြရဖို့..

တစ်ချိန်ကသိပ်ချစ်ခဲ့တာလား..

မပြတ်သားတဲ့အချစ်ကို

အဆုံးသတ်ချင်လိုက်တာ...

ရင်မှာမီးလို လောင်ကျွမ်းလို့

ကိုယ့်အသည်းလေးလည်း မချိအောင်ဘဲ

ခံစားရတော့မှာ ဘယ်အချိန်အထိလဲ.. အိုး

အနာဂတ်များစွာပျက်စီးလို့

သူလေကိုယ့်ဘက် မရှိပေမယ့်

မျက်စိမှိတ်ကာ အခုထိချစ်နေမယ်...

မျက်စိမှိတ်ကာ အခုထိ ချစ်နေမယ်...

မျက်စိမှိတ်ချစ်နေမယ် de မို့မို့ - Letras y Covers