menu-iconlogo
huatong
huatong
avatar

အလွယ်မရတဲ့နားလည်မှု

မီးနိုhuatong
🌷💞အရိပ်💝🌷🇲🇲huatong
Letras
Grabaciones
နင့်အတွက်ကျတဲ့ မျက်ရည်

ဒီတစ်ခါ မကဘူးနော်

ချော့သိပ်ဖို့လည်း နင့်မှာမရှိ

မခေါ်လည်း ၀မ်းနည်းခြင်းတွေ

အလိုလိုရောက်လာ

ဘယ်တော့မှနှလုံးခုန်နှုန်းတွေ တည်ငြိမ်မလဲ

တစ်ဘက်သားအတွက်

နင်အဲလောက်ထိ စာနာပေးရင်

ရှေ့ဆက်ဖို့အတွက်ဖြစ်နိုင်မယ်

တကယ်တော့ နင်ဟာ

ရိုးသားမှုကို အနိုင်ယူမိသူ

ပြန်စဉ်းစား နားလည်မှုဆိုတဲ့ အဓိပ္ပာယ်

ငါ့ဘက်ကကြည့်တော့

တစ်ခါတစ်လေ အချစ်က

မတရားဘူးလို့ ဆိုမလား

တစ်ဘက်သက်ဆန်တဲ့ လုပ်ရက်

နင်သိရက်(လျက်)နဲ့ တမင်လုပ်ရက်တာလား

နောင်တနဲ့ မင်းပြန်ခဲ့

မဝေးခင်လေး

အလွယ်မရတဲ့ နားလည်မှုတွေ

မဖျတ်ဆီးနဲ့

လေတိုက်တိုက်လည်း လွင့်ပါအောင်လည်း

တို့တတွေအပျော်တမ်း ချစ်ခဲ့တာမဟုတ်

ဒါပေမယ့် ပြန်လှန်အချစ်မရှိတော့ရင်

ယိုစိမ့်ကာ ခြောက်ခမ်းသွားမယ်

အချိန်များကြား

တန်ဘိုးထားတက်မှသာ

အချစ်ဟာ နင့်အနားရှိလေမှာ

....

တစ်ဘက်သားအတွက်

နင့် နှလုံးသားတွေစာနာပေးရင်

ရှေ့ဆက်ဖို့အတွက်ဖြစ်နိုင်မယ်

တကယ်တော့ နင်ဟာ

ရိုးသားမှုကို အနိုင်တတ်သူ

ပြန်စဉ်းစား နားလည်မှုဆိုတဲ့ အဓိပ္ပာယ်

ငါ့ဘက်ကကြည့်တော့ တစ်ခါတစ်လေ

အချစ်က မတရားဘူးလို့ ဆိုမလား

တစ်ဘက်သက်ဆန်တဲ့ လုပ်ရက်

နင်သိရက်(လျက်)နဲ့ တမင်လုပ်ရက်တာလား

နောင်တနဲ့ မင်းပြန်ခဲ့

မဝေးခင်လေး

အလွယ်မရတဲ့ နားလည်မှုတွေ

မဖျတ်ဆီးနဲ့

လေတိုက်တိုက်လည်း လွင့်ပါအောင်လည်း

တို့တတွေအပျော်တမ်း ချစ်ခဲ့တာမဟုတ် ဘူး...

ဒါပေမယ့် တန်ပြန်အချစ်မရှိတော့ရင်

ယိုစိမ့်ကာ ခြောက်ခမ်းသွားမယ်

အချိန်များကြား

တန်ဘိုးထားတက်မှသာ

အချစ်ဟာ နင့်အနားရှိလေမှာ

ဒါပေမယ့် တန်ပြန်အချစ်မရှိတော့ရင်

ယိုစိမ့်ကာ ခြောက်ခမ်းသွားမယ်

အချိန်များကြား

တန်ဘိုးထားတက်မှသာ

အချစ်ဟာ နင့်အနားရှိလေမှာ

တန်ဘိုးထားတက်မှသာ

အချစ်ဟာ နင့်အနားရှိ လေ မှာ

Thank you so much

အရိပ်

Más De မီးနို

Ver todologo

Te Podría Gustar

အလွယ်မရတဲ့နားလည်မှု de မီးနို - Letras y Covers