ဝေဒနာလူ
ဘယ်ကိုသွားမလဲ တွေးမရတယ်
အို ကမ္ဘာရယ်
အဆွေးရိပ်များနဲ့ လွင့်လာတယ်
မျှော်လင့်ခြင်းတို့ လမ်းပြကွယ်
အေးချမ်းတဲ့ နေရာလေးတစ်ခု ရောက်ချင်တယ်
ဝေဒနာလူ အတွေးလေမှာနှင်
မသေခင်တုန်း အေးချမ်းသွားပါရစေ
အဆွေးသမားရယ် ဝေဒနာကမ္ဘာကြီးရယ်
အေးချမ်းတဲ့နေရာ မမောတမ်း သွားမယ်
ဒီကမ္ဘာကြီးရဲ့ နောက်ကကွယ်
ဝေဒနာ လူ
ခြေသံနားစွင့် လိုက်ခဲ့တယ် မေရယ်
မျှော်လင့်ခြင်းနဲ့ သွေးဆက်သွယ်
အေးချမ်းတဲ့ နေရာလေးတစ်ခု ရောက်ချင်တယ်
ဝေဒနာလူ အတွေးလေမှာနှင်
မသေခင်တုန်း အေးချမ်းသွားပါရစေ
အဆွေးသမားရယ် ဝေဒနာကမ္ဘာကြီးရယ်
အေးချမ်းတဲ့နေရာ မမောတမ်း သွားမယ်
ဝေဒနာလူ အတွေးလေမှာနှင်
မသေခင်တုန်း အေးချမ်းသွားပါရစေ
အဆွေးသမားရယ် ဝေဒနာကမ္ဘာကြီးရယ်
အေးချမ်းတဲ့နေရာ မမောတမ်း သွားမယ်