menu-iconlogo
huatong
huatong
avatar

နေရာတိုင်းမှာ

ရေဗက္ကာဝင်းhuatong
smsboogiehuatong
Letras
Grabaciones
နေရာတိုင်းမှာ

တေးရေး -

တေးဆို - Rebecca Win

အိုး...အိုး...အိုး..

ရောင်နီကို ကြိုလင့်တဲ့ပန်းကလေးတွေ

အချစ်ဆုံးရဲ့ အငွေ့အသက်ကိုယူခဲ့ပြီ

နေဝင်ချိန် အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ

အချစ်ဆုံးရဲ့အနံအသက်ကိုပြန်ရပြီ

လေပြည်ကလေး ဆော့ကစားတဲ့ ညချမ်းမှာ

အချစ်ဆုံးရဲ့အထိအတွေ့ကိုပြန်ရပြီ

ဘယ်ဆီကိုရောက်လို့နေ ဘယ်လောက်ပဲဝေးရနေ

ဘယ်တော့မှ အထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိနေ

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးစပ်တာ

ဘာတစ်ခုမှ မရှိတော့တာ မသိဘူးကွယ်

ဘယ်ဆီကိုရောက်လို့နေ ဘယ်လောက်ပဲဝေးရနေ

ဘယ်တော့မှ အထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိနေ

လူတွေက ကိုယ်တို့ နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့ လောက်နီးစပ်တာ

ဘာတစ်ခုမှ မရှိတော့တာ မသိဘူးကွယ်

အိုး...အိုး...အိုး...

လူတွေက ကိုယ်တို့ နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးစပ်တာ

ဘာတစ်ခုမှ မရှိတော့တာ မသိဘူးကွယ်

Más De ရေဗက္ကာဝင်း

Ver todologo