menu-iconlogo
huatong
huatong
avatar

သုံ့ပန်း(Female cover)

ရေမွန်huatong
✯✦𝑻𝑯𝑨𝑹𝑹꙳𝑮𝒀𝑰𝑰✦✯huatong
Letras
Grabaciones
သုံ့ပန်း(Idiots)ရေမွန်

နီးစပ်ဖို့မင်းကို

တောင်းဆိုခဲ့ဖူးလည်း

ကိုယ်ဟာမင်းထားတဲ့ဘဝမှာ

နေခဲ့တယ်..

မပျော်ရွှင်ပေမယ့် မင်းရဲ့သဘောပဲ

ohh....ရပါတယ်...

ဂရုစိုက်ဖို့မင်းကို

အရိပ်အယောင်တွေပြလည်း...

မဆိုင်သလိုမင်းသွေးအေးသွားတာ

ဘာကြောင့်လဲ...

မခုံမင်တော့ဘူး

နားလည်ထားလည်း

ရှင်းပြစေချင်တယ်....

အချိန်တွေကို

လွန်ဆန်ဖို့ကြိုးစားခဲ့လည်း

အချိန်တိုင်းဘဲ ရှုံးနိမ့်ရမြဲ....

ဘယ်လိုတန်ခိုးသတ္တိတွေနဲ့

ပြုစားထားခဲ့လဲ.....

မင်းစိတ်ဆန္ဒ

မင်းရဲ့အလိုကျ

မလွန်ဆန်နိုင်တာကို

သိရက်မဟုတ်လား...

ကိုယ့်နှလုံးသားမာန

ရှုံးနိမ့်ခဲ့သမျှ....

ဗွေမယူနိုင်ပါကိုယ်

ခွင့်လွှတ်ပေးရ...

နာကျင်နေတာတောင်

ကြိတ်မှိတ်ခံစား..

မင်းအချစ်တွေမှာ

အကျဉ်းကျနေ ထာဝရ သုံ့ပန်းပါ.....

မထားခဲ့ဖို့မင်းကို

တောင်းပန်ခဲ့ဖူးလည်း

ဘာတွေမင်းဆုံးဖြတ်ဖြတ်ပါ

ကိုယ်မငြင်းခဲ့...

ရင်မှာခံစားချက်တွေပြည့်နှက်

မွန်းကြပ်နေတယ်...

စိတ်ထွက်ပေါက်များစွာ

ရှိတာကိုယ်သိလျှက် ..

နင်မကြိုက်မှန်းသိလို့

ဘဝကိုလှောင်ပိတ်ခဲ့.....

နင်မမြင်နိုင်ပေမယ့်

အပြစ်တော့မပြောရက် ..

ငါ့ဘဝမှာလေ...

အချိန်တွေကိုလွန်ဆန်ဖို့

ကြိုးစားခဲ့လည်း

အချိန်တိုင်းဘဲ ရှုံးနိမ့်ရမြဲ....

ဘယ်လိုတန်ခိုးသတ္တိတွေနဲ့

ပြုစားထားခဲ့သလဲ.....

မင်းစိတ်ဆန္ဒ

မင်းရဲ့အလိုကျ

မလွန်ဆန်နိုင်တာကို

သိရက်မဟုတ်လား...

ကိုယ့်နှလုံးသားမာန

ရှုံးနိမ့်ခဲ့သမျှ....

ဗွေမယူနိုင်ပါကိုယ်

ခွင့်လွှတ်ပေးရ...

နာကျင်နေတာတောင်

ကြိတ်မှိတ်ခံစား..

မင်းအချစ်တွေမှာ

အကျဉ်းကျနေ

ထာဝရ သုံ့ပန်းပါ...

ရွှင်လန်းချမ်းမြေ့ပါစေ

Más De ရေမွန်

Ver todologo