menu-iconlogo
huatong
huatong
avatar

အချစ်ဆိုတာ

ရှင်ဖုန်းhuatong
pjshaw3510huatong
Letras
Grabaciones
ရွက်ပျိုတွေ

လေထဲနှောကာနေ

စိတ်တေလေ

ရင်ထဲသိမ့်တုန်နေ

အတွေးဝင်္ကပါ

သူလွှမ်းမိုးကာနေ

ဒါသည်ပင်အချစ်လားလေ

ပြန်ကာပြောရန်

သိပ်ခက်ပေ

ဖြေ မပြေပါ တွေဝေ

လွမ်းမောသလေ

ဒဏ်ရာလေးတွေပြည့်နှက်နေ

အချစ်စိတ်ဆိုတာ ဒါလားလေ

ချစ်မိခဲ့လို့ ပျော်ရွှင်ပါ

ဒီလိုမဟုတ်ရင် ငိုရမှာ

ဘဝရဲ့လျှို့ဝှက်အဖြေဆိုတာ

ဘယ်သူ သိ ကြ မှာလဲ

ရွက်ပျိုတွေ

ယိမ်းနွဲ့သလိုပေ

ရင်မှာတွယ်လာ ဝဲဝေ့နေ

ပိုင်ဆိုင်လိုက်ပြီ အချစ်စိတ်တွေ

နေရာယူကာ အသည်းလွှာမှာလေ

စိတ်တစ္ဆေ

ခြောက်လှန့်ကာနေ

အချစ်ကိုသာ

ဆုံးရှုံးမှာလေ

စိုးရိမ်သလို

ကြောက်ရွံ့နေသလို

ရင်ဖိုဗျာပို ခံစားနေ

အိပ်မက်ဆိုးတွေ

အဆုံးသတ်စေ

ညှာတာပါ

ကိုယ်လေတောင်းဆုခြွေ

ဒဏ်ရာလေးတွေ ပြည့်နှက်နေ

အချစ်စိတ်ဆိုတာ

ဒါလားလေ

ချစ်မိခဲ့လို့ ပျော်ရွှင်ပါ

ဒီလိုမဟုတ်ရင် ငိုရမှာ

ဘဝရဲ့လျှို့ဝှက်အဖြေဆိုတာ

ဘယ်သူ သိ ကြ မှာလဲ

ရွက်ပျိုတွေ

ယိမ်းနွဲ့သလိုပေ

ရင်မှာတွယ်လာ ဝဲဝေ့နေ

ပိုင်ဆိုင်လိုက်ပြီ အချစ်စိတ်တွေ

နေရာယူကာ

အသည်းလွှာမှာလေ

? ? ? ?

ကျေးဇူးတင်ပါတယ်

Más De ရှင်ဖုန်း

Ver todologo
အချစ်ဆိုတာ de ရှင်ဖုန်း - Letras y Covers