စင်သီယာ
ST ပုံပြောသူ / K ဘုရင်
S စစ်သူကြီး / P ပုရောဟိတ်
C စင်သီယာ
ST ဟိုး...ရှေးရှေးတုန်းက
တိုင်းပြည်တခုမှာ
ဘုရင်ကြီးတပါး အုပ်စိုးခဲ့သတဲ့
သူဟာတနေ့မှာ
တိုင်းခန်းလှည့်လည်ရင်း
မိန်းမပျိုလေးတဦးကို
မြင်မြင်ချင်းစွဲလမ်းသွားလေသတဲ့
သူဟာသူ့ရဲ့မှူးမတ်တွေကိုခေါ်
အားလုံးကိုတိုင်ပင်ဖို့..
ညီလာခံလုပ်ပြီးဒီမိန်းမပျိုလေးကို
ရှာဖွေဖို့တိုင်ပင်လေသတဲ့
K ကဲ..မှူးမတ်တို့
ဒီနေ့မှာအထူးမှတ်ဖို့
ငါပြောချင်တဲ့အကြောင်းအရာက
ဖူးတက်လို့တိုင်းခန်းလှည့်လည်တုန်း
ရူးမတတ်မို့
စွဲလမ်းရတဲ့မိန်းမပျိုတဦးထွက်လို့
ပေါ်လာလို့လိုက်ရှာမူးမတ်တို့
မီးခိုးတိုက်ကာစူးစမ်းလိုက်ရှာ
ပန်းကောင်းအညွန့်ကိုငါခူးဆက်ဖို့
S မှန်လှပါမင်းကြီးဘုရား
မသင့်တော်ကြောင်းပါမင်းကြီးဘုရား
အဆင့်ကွာခြားကာမေတ္တာထားစရာ
မဟုတ်ပါမင်းကြီးဘုရား
အရှင့်ရဲ့အပါးမှာကိုယ်လုပ်တော်များစွာ
ရှိနေသားဗျာ
K ဟေ့ကောင်မင်းတော် တန် တိတ်
ငါ့ကိုတော်လှန်တဲ့သူပုန်စိတ်
ST - မင်းတရားကြီးဟာ
သူ့ရဲ့အလို သဘောကိုမလိုက်တဲ့
စစ်သူကြီးကို
ဒေါသထွက်ထွက်နဲ့
နယ်နှင်ဒဏ်ပေးလွှတ်ကာ
တာဝန်တွေကိုရပ်ဆိုင်းစေခဲ့တယ်
အဲ့ဒီလိုနဲ့
မင်းတရားကြီးကို
လုပ်ကြံဖို့အခွင့်ချောင်းနေတဲ့
ပုရောဟိတ်ကြီးပဗ္ဗရာဟာ
စင်သီယာဆိုတဲ့
စုန်းမတစ်ယောက်ကို
မင်းကြီးအနားကိုတွန်းပို့ဖို့
ကြိုးစားခဲ့လေသတဲ့
P - မှန်လှပါမင်းကြီးဘုရား
လုပ်ဆောင်သမျှမှာမင်းကြီးမမှား
အယုတ်ကောင်ကသာ
အချုပ်ထောင်ကျရမှာပါ
မင်းကြီးဘုရား
တကယ်တော့မင်းကြီးအနားမှာ
ရှိနေသင့်တာကစင်သီယာ
ရုပ်ရည်ရူပါအဆင်းကြည့်မလား
တောက်ပလွန်းတဲ့ဝင်းသည့်အသား
K - ဟေ့ ဘယ်သူလဲစင်သီယာ
ငါလိုတဲ့ရုပ်ရည်နဲ့အရည်အချင်းကော
ဒင်းရှိလား
ဘယ်မှာလဲဘယ်သူလဲဘယ်လိုလဲ
မင်းသိလားမြန်မြန်သာပြောစမ်းပါ
ပုရောဟိတ်ကြီးပဗ္ဗရာ
P - မှန်လှပါမင်းကြီးဘုရား
အသင့်ရှိကြောင်းပါမင်းကြီးဘုရား
ဟောဒီမှာပါ စင်သီယာ
အသုံးတော်ခံဖို့ပါမင်းကြီးအပါး
K - အိုး………
တယ် လှသကိုး
အု..အား အု အား အု အား အု အား
အုအုအားအား
အုအုအားအား
အုအုအုအားအားအား
အုအုအုအားအားအား
အုအုအုအု
အုအုအု အားအားအား
ST - မင်းကြီးဟာ
ပုရောဟိတ်ကြီးပဗ္ဗရာနဲ့
စင်သီယာတို့ရဲ့လှည့်ကွက်တွေထဲမှာ
ကောင်းကောင်းကြီးကို
လိမ်လည်ခံနေရပါတော့တယ်
C - ဟေ့ဒီမှာပုရောဟိတ်ကြီး
ကျမကစိတ်ဒေါသိပ်ကြီး
မချစ်သောသူကိုတော့သိပ်ပြီး
သည်းမခံနိုင်ဘူးနော်ပုရောဟိတ်ကြီး
သူ့စားတော်အုပ်ထဲအဆိပ်သီး
ရောလို့မွှေထည့်ကာကျိတ်ပြီး
ထည့်ထားလိုက်စမ်းပုရောဟိတ်ကြီး
နေ့မကူးညထူးမယ်ပုရောဟိတ်ကြီး
P - စင်သီယာနော်မင်းကြီးအနားကို
ရောက်သွားတာကကျွန်တော့်
အတွက်တော့ရွှေတွင်းကြီးအလား
မင်းကြီးဘုရားထက်စင်သီယာက
ပိုအရည်အချင်းရှိသဗျ
မင်းကြီးကတော့ဖျင်းပြီး,အ
စစ်သူကြီးကိုနှင်ပြီးချတော့
အပူပင်အကင်းအနှောက်အယှက်မရှိရ
ကျွန်ုပ်တို့အတွက်လမ်းခင်းပြီးသမျှ
C - ဟဟဟ ဟား
မင်းကြီးတရားမင်းကြီးတရား
မင်းကြီးတရား
သနားစရာကောင်းအောင်အရည်အချင်း
မရှိတာမင်းသိသား
အခုချိန်မှာမင်းကြီးတရားကို
နတ်ဘုရားကယ်တောင်မရတော့ဘူး
ဆိုတာကိုမင်းသိထား
ငါ့နာမည်မှတ်ထား..
စင်သီယာ..ယာ