menu-iconlogo
huatong
huatong
avatar

မိသားစုကန်တော့ပွဲ

သုထက်မိုး/ရတနာဦးhuatong
🌟ayekyaw🌟🙇huatong
Letras
Grabaciones
မိသားစုကန်တော့ပွဲ

လူလား​မြောက်​တဲ့ အရွယ်ကတဲကလေ

လောကဓံကို ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ

နိမ့်ချည်တစ်ခါ သာချည်တလှည့်ရယ်နဲ့

သမုဒယနယ်မှာ ကျင်လည်ကျက်စားကာ

မအားလပ်နိုင်ရှာပေ

လောကဓမ္မတာ သောကအဖြာဖြာ ကြုံခဲ့ ရပေ

ချစ်သောဖေဖေ ချစ်သောမေမေ

မတွေ့တာကြာလေလေ ပို၍သတိရလေ

ရင်၌လွယ်ဖွား သားသမီးများက

အတိုးချကန်တော့ ပါရစေ

မြင့်မိုရ်တောင်ဦး ကျေးဇူးဂုဏ်တွေ

ဆပ်လို့မကုန်ပေ သီတာရေ တစ်ပေါက်ကလေး

ကျရုံမျှဖြင့် မိဘတို့ဝမ်း မငြိမ်းချမ်းပေ

ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်

ဝါးဖက်တော်ကစီနှစ်နဲ့ လူဖြစ်အောင်ကျွေး

မှက် ခြင် ယင် မသန်းရအောင်

ပင်ပန်းကြီးစွာ မွေးမြူရပေ

မေမေ့ ကျေးဇူးဂုဏ်တွေ ရည်မျှော်မှန်းလို့

သား ကန်တော့ပါတယ်လေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

ငယ်စဉ်တောင်ကျေး ကလေးဘဝက

တေးဆိုလို့ ချော့မြူပုံတွေ မှတ်မိနေသေးပေ

ခိုဖြူ ခိုပြာ ခိုဝါနက်ကယ်

အဖမ်း ခက်လို့ ဆိုတဲ့အသံတွေ

မိတ္ထီလာကန်တော်အောက်က ဖား ကလေးတွေ

ကောက်ကာပေးဖို့ မှာလိုက်တဲ့အသံလေးတွေ

သမီးဖြင့်ကြားယောင်မိတယ်လေ

ကလလရေကြည် သြော် သန္ဓေတည်ကတည်းက

ပူငံစပ်ခါး ရှောင်ရှားကာလေ မကောင်းမြစ်တာ

ကောင်းရာညွှန်လို့ ရင်းနှီးပေးဝေ

အတတ်ကိုလည်း သင်စေ

ထိမ်းမြားခြင်း ဝတ်ငါးအင် ကျေပြွန်ပါပေ

ကြီးမားသောမေထ္ထာမျိုးနဲ့

သားသမီးဆိုးတွေကိုလည်း

ပြစ်ရိုးထုံးစံမရှိခဲ့ပေ

တို့ဘုရားသော်မှ နို့ တစ်လုံးဖိုးကြေ

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘနှစ်ပါးကို

သားကန်တော့ပါတယ်လေ

တစ်အူတုံဆင်း တို့ မောင်နှစ်မရင်းတွေ

ချစ်ခြင်းမေတ္တာ အဓိကထားလို့လေ

ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ သြဝါဒစကားကို

မကြားရတာ ကြာခဲ့ပြီလေ

ချစ်သောဖေဖေ ချစ်သောမေမေ

သားတို့သမီးတို့ လက်ဆယ်ဖြာယှက်ကာမိုးလို့

ရှစ်ခိုးလို့ကန်တော့ပါရစေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

်fadeoutး

Más De သုထက်မိုး/ရတနာဦး

Ver todologo