menu-iconlogo
huatong
huatong
avatar

စိတ်မပျက်ဘူး

ဟန်ထွန်huatong
qendra_90ghuatong
Letras
Grabaciones
သီချင်း - စိတ်မပျက်ဘူး

တေးဆို - ဟန်ထွန်း

အပျော်တွေကို စောင့်ရင်း

ဘဝကို ဆက်လျှောက်နေဆဲ

အပျော်တွေ ဘယ်နေ့

ဘဝဆီ ဆိုက်ရောက်လာမလဲ

လမ်းကြောင်းမှားယွင်းတဲ့

ထိုးနှက်ချက်တွေ မကုန်နိုင်သေးဘူး

ငါစိတ်မလျှော့ဘူး

တစ်စုံတစ်ရာကို မက်ရင်း

ဘဝမှာ အသက်ဆက်ရှင်တုန်း

အတူ ရင်ဆိုင်ဖော်လည်း မတွေ့ခဲ့ပါလား

ရက်စက်တဲ့ လှည့်ကွက်ထဲက

ထွက်မပြေးဘူး

ငါစိတ်မလျှော့ဘူး

အဆင်မပြေဘူး ဘဝက အဓိပ္ပာယ်မဲ့

အဆင်မပြေဘူး အချစ်လည်း အဓိပ္ပာယ်မဲ့

မပျော်နိုင်သေးဘူး

အမြဲလွဲနေတယ်

ရေး စိတ်မပျက်ဘူး

ကံကြမ္မာရဲ့အခွင့်အရေး

တို့စောင့်နေလည်း

အချိန်တွေသာ ကုန်သွား

ခက်တယ် တစ်ကြိမ်မှမရ

ဘဝနဲ့ အချစ်ရဲ့မိုက်ပြစ်ရင်ထဲစူး

ခံလိုက်မယ် စိတ်မပျက်ဘူး

အဆင်မပြေဘူး ဘဝက အဓိပ္ပာယ်မဲ့

အဆင်မပြေဘူး အချစ်လည်း အဓိပ္ပာယ်မဲ့

မပျော်နိုင်သေးဘူး

အမြဲတမ်း လွဲနေတယ်

ရေး စိတ်မပျက်ဘူး ရေး

ဟေး အဆင်မပြေဘူး

ငါ သိပ်ခက်တုန်းပဲ

အဆင်မပြေဘူး ရက်စက်ခြင်းများလည်း

အို မကုန်နိုင်သေးဘူး အချစ်မဲ့ခဲ့လည်း

ရေး စိတ်မပျက်ဘူး

ဟေး အဆင်မပြေဘူး

အကုန်ခက်တုန်းပဲ

အဆင်မပြေဘူး ရက်စက်မှုတွေနဲ့

ရေး မပျော်နိုင်သေးဘူး အချစ်မဲ့ခဲ့လည်း

ရေး စိတ်မပျက်ဘူး

Más De ဟန်ထွန်

Ver todologo