ဪချစ်တာကိုး
အနိုင်
(၁) ဒီ ဒီ.. ဒီမှာသူငယ်ချင်း
မင်းတို့ရဲ့ချစ်ခြင်း
တော်ရုံသာပြောကွာ
မောနေပါ့မယ်
လက်ဖက်ရည်ဆိုင် ထိုင်လည်း
ပြောပြန်ပြီ သူ့အကြောင်း
လမ်းမှာ ကြုံဆုံလည်း
ပြောပြန်ပြီ သူ့အကြောင်း
မင်းမို့လို့မမောနိုင်
ဆင်ခြင်ပါကွာ အို..
(၂) ဒီ ဒီ.. ဒီမှာသူငယ်ချင်း
တို့နှစ်ယောက်ရဲ့ချစ်ခြင်း
အချိန်တွေရှိတိုင်းသာ
ပြောချင်လိုက်တာ
မင်းမသိပါဘူးကွာ
သူငယ်ချင်းရာ
သူ့အကြောင်းလေးတွေး..ကာ
လင်္ကာတေးဆင်ချင်လို့
သူ့အကြောင်းလေးရေး ကာ
ကာရန်လေးရှာချင်လို့
သူ့အကြောင်းလေး ပြောလို့ဆို
သီချင်းလေးတစ်ပုဒ်ဖြစ်သလို
ငါကလည်းငါပါပဲလေ
ဒီ စကားအခါခါပြောနေ
ချစ်မိလို့အပြစ်ရှိနေပေမယ့်
မရှက်မိသလို
ကိုယ်ချင်းတော့စာစေလို
ဪ ဪ ဪ
ချစ်တာကိုး
(၁) ချစ်ပါ ချစ်ပါ မင်းပဲချစ်ပါ
ပြောလေကဲလေ မင်းမို့မရှက်တာ
နေမြင့်မှ ရင့်လို့လာ
ဒီဝေဒနာပါ အိုး
ဒီ ဒီ.. ဒီမှာသူငယ်ချင်း
မင်းတို့ရဲ့ချစ်ခြင်း
တော်ရုံသာပြောကွာ
မောနေပါ့မယ်
(၂) မင်းမသိပါဘူးကွာ
သူငယ်ချင်းရာ
သူ့အကြောင်းလေးတွေး..ကာ
လင်္ကာတေးဆင်ချင်လို့
သူ့အကြောင်းလေးရေး ကာ
ကာရန်လေးရှာချင်လို့
သူ့အကြောင်းလေးပြောလို့ဆို
သီချင်းလေးတစ်ပုဒ်ဖြစ်သလို
ငါကလည်းငါပါပဲလေ
ဒီ စကားအခါခါပြောနေ
ချစ်မိလို့အပြစ်ရှိနေပေမယ့်
မရှက်မိသလို
ကိုယ်ချင်းတော့စာစေလို
ဪ ဪ ဪ
ချစ်တာကိုး
(၁) ချစ်ပါ ချစ်ပါ မင်းပဲချစ်ပါ
ပြောလေကဲလေမင်းမို့မရှက်တာ
နေမြင့်မှ ရင့်လို့လား
ဒီဝေဒနာပါ အိုး
ဒီ ဒီ.. ဒီမှာသူငယ်ချင်း
မင်းတို့ရဲ့ချစ်ခြင်း
တော်ရုံသာပြောကွာ
မောနေပါ့မယ် အိုး...
(၂) ဒီ ဒီ.. ဒီမှာသူငယ်ချင်း
တို့နှစ်ယောက်ရဲ့ချစ်ခြင်း
အချိန်တွေရှိတိုင်းသာ
ပြောချင်လိုက်တာ အိုး...
(၁) ဒီ ဒီ... ဒီမှာသူငယ်ချင်း
မင်းတို့ရဲ့ချစ်ခြင်း
တော်ရုံသာပြောကွာ
မောနေပါ့မယ် အိုး...
(၂) ဒီ ဒီ.. ဒီမှာသူငယ်ချင်း
တို့နှစ်ယောက်ရဲ့ချစ်ခြင်း
အချိန်တွေရှိတိုင်းသာ
ပြောချင်လိုက်တာ
ကျေးဇူးတင်ပါတယ် (လေးစိုး)