menu-iconlogo
huatong
huatong
--cover-image

ဘယ်သူတွေရူးသလဲ

အိအိချွန်huatong
ry25_starhuatong
Letras
Grabaciones
ဘယ်သူတွေရူးသလဲ

တေးရေး ဂီတစာဆို စိန်မောင်မြင့်

တေးဆို အိအိချွန်

တစ်ပင်မှ တစ်ပင်ကူး...

မြူး တူး ပျော်ပါး တတ်တဲ့

ငှက်ကလေးတွေအလား...

ကိုင်းဖျားကိုကန် ပျံသွားတဲ့

ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ

အချစ်စစ်မတည်

ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ

သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး

ဖွင့်သွားသူက တိမ်းရက်လေပြီ..

သစ်စိမ်းချိုး ချိုးခဲ့ပေမယ့်

အညိုးခက်တော့သည်

မိုးလျှပ်နွယ် အိမ်မက်ပမာအညီ

လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည်

စိတ္တဇအသည်း အိပ်မရဘဲ

အတိတ်ဘဝထဲ ဝဲ..ချာချာ..လည်..

လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့

ရှိုက်ရှိုက်ကာ ငိုလိုက်ချင်ရဲ့

မိန်းမသားမို့ ဆင်ခြင်ရာသည်

အချစ်ဦးသခင်ရဲ့ မပစ်ဘူးအထင်နဲ့

ခင်ခဲ့မင်ခဲ့ ချစ်ခဲ့ပါသည်

ပုံခဲ့ယုံခဲ့ အပြုံးနဲ့ကမ္ဘာတည်

အမုန်းဆိုတာ ဝေလာဝေး..

တို့နှစ်ကိုယ် ကြင်သည့်အရေး

ကြားလေသွေးမှာ စိုးမိသည်

ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်..

အခုတော့တပြည်စီ သွေဖီရှောင်ပုန်း

အမုန်းပင်ကလေးများ စိုက်သွားလေတဲ့

သူ့ကိုမှ ရှာမိပြန်သည်

မြင်မြင်သမျှ တွေ့သမျှလူကို မေးမြန်းမိသည်

ကျွန်မကိုလေ အရူးလို့ဆိုကြ

ကျွန်မကိုလေ အရူးလို့ပြောကြ

ဟားတိုက်လို့ ရယ်လိုက်ချင်သည်

မခံစားဖူးတော့ ကိုယ်ချင်းမစာပြီ

ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ချင်သည်

ပြေးသူနဲ့ ကျန်ရစ်သူ

မြင်သူနဲ့ ပြောကြသူ

ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ..

ကိုင်းဖျားကိုကန် ပျံသွားတဲ့

ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ

အချစ်စစ်မတည်

ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ

သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး

ဖွင့်သွားသူက တိမ်းရက်လေပြီ..

သစ်စိမ်းချိုး ချိုးခဲ့ပေမယ့်

အညိုးခက်တော့သည်

မိုးလျှပ်နွယ် အိမ်မက်ပမာအညီ

လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည်

စိတ္တဇအသည်း အိပ်မရဘဲ

အတိတ်ဘဝထဲ ဝဲ..ချာချာ..လည်..

လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့

ရှိုက်ရှိုက်ကာ ငိုလိုက်ချင်ရဲ့

မိန်းမသားမို့ ဆင်ခြင်ရာသည်

အချစ်ဦးသခင်ရဲ့ မပစ်ဘူးအထင်နဲ့

ခင်ခဲ့မင်ခဲ့ ချစ်ခဲ့ပါသည်

ပုံခဲ့ယုံခဲ့ အပြုံးနဲ့ကမ္ဘာတည်

အမုန်းဆိုတာ ဝေလာဝေး

တို့နှစ်ကိုယ် ကြင်သည့်အရေး

ကြားလေသွေးမှာ စိုးမိသည်

ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်..

အခုတော့တပြည်စီ သွေဖီရှောင်ပုန်း

အမုန်းပင်ကလေးများ စိုက်သွားလေတဲ့

သူ့ကိုမှ ရှာမိပြန်သည်

မြင်မြင်သမျှ တွေ့သမျှလူကို မေးမြန်းမိသည်

ကျွန်မကိုလေ အရူးလို့ဆိုကြ

ကျွန်မကိုလေ အရူးလို့ပြောကြ

ဟားတိုက်လို့ ရယ်လိုက်ချင်သည်

မခံစားဖူးတော့ ကိုယ်ချင်းမစာပြီ

ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ချင်သည်

ပြေးသူနဲ့ ကျန်ရစ်သူ

မြင်သူနဲ့ ပြောကြသူ

ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ..

ကျေးဇူးတင်ပါတယ်

Más De အိအိချွန်

Ver todologo