menu-iconlogo
huatong
huatong
--cover-image

ရွာကြီးသူစံပယ်နွဲ့

မောင်မောင်ညွှန့်huatong
misstydlacyhuatong
Letras
Grabaciones
ရွာကြီးသူစံပယ်နွဲ့ ဆို မောင်မောင်ညွှန့်

ရွာကြီးသူစံပယ် နွဲ့

လာခဲ့ပါတကယ် ရွာကိုကွယ်

ပေါ်လာနိုး မျှော်ကိုး ပေ မယ့်ကွယ်..

တစ်မိုးကွယ်..ပျောက်

တစ်ဆောင်းရောက်ကာ မြူး..

ခါနွေ... ကူး.. ပြန် တော့

လေ..ရူးငယ် ဆော်..

ရွှေကံ့ကော်ကြိုင်လျှန်း..

မြေတသန့်ပေါ်ခိုင်ပန်း..

ဂနိုင်နန်းတင့်လေပြီခင်ရေ

သဇင်ခွေသုတ်လေနှော..

ဥရွှေသြ..က တွန်သံ သာတယ်..

ပုရစ်ဖူးရွှင်မြူးတဲ့အခါဝယ်

လာလမ်းက မှန်းဆကြိုပါ့ မယ်..

ဆောင်းမိုးနွေပြောင်း..လို့

အကြောင်းမသင့်လို့ ထင်တယ်လေကွယ်

ရွာကြီးသူရယ်..နွေရက်ကုန်ကျွမ်း..

ယွန်း..စတဲ့ ခါဝသန်..

ရပ်ရှစ်တန် ရစ်ခြံယှက်သိုင်း..

အုံ့ကာသာမှိုင်း..ခြယ်

လာမယ်ဆိုရင်.. စိမ်းစိုစိုတမာတန်း..

ရွာလမ်းဖွေးဖွေးကကြိုမယ်..

ကျောင်းဝန်းကျင်ခရေ ရိပ်ဝယ်

မောင် ကြီး ချွေးသိပ်ပေး ပါ့မယ်...

ဆောင်းမိုးနွေပြောင်း..လို့

အကြောင်းမသင့်လို့ ထင်တယ်လေကွယ်

ရွာကြီးသူရယ်..နွေရက်ကုန်ကျွမ်း..

ယွန်း..စတဲ့ ခါ ၀သန်

ရပ်ရှစ်တန် ရစ်ခြံယှက်သိုင်း..

အုံ့ကာသာမှိုင်း..ခြယ်

လာမယ်ဆိုရင်.. စိမ်းစိုစိုတမာတန်း..

ရွာလမ်းဖွေးဖွေးကကြိုမယ်...

ကျောင်းဝန်းကျင်ခရေ ရိပ်ဝယ်

မောင် ကြီး ချွေးသိပ်ပေး ပ့ါမယ်..

မိုး.. ရူး..

လေထန်

ဒေါသမာန်ဖုံး ထစ်ခါချုန်း ရင်

မောင်ကြီးရင်ခွင်ထဲ ပုန်း..တက်သူရယ်

မိုး.. ရူး..

လေထန်

ဒေါသမာန်ဖုံး ထစ်ခါချုန်း ရင်

မောင်ကြီးရင်ခွင်ထဲ ပုန်း..တက်သူရယ်

ပြုံးပြကာရယ် ချမ်းတယ်အေးတယ်ဆိုရှာတယ်

စံပယ် စံပယ် စံပယ်နွဲ့ရယ်

အဲဒီတုန်းကမောင်ကြီးချော့ခဲ့တယ်

လည်တံမော့မော့နဲ့ရယ်

မောင်ကြီးမျက်နှာကြည့်၇တာအမော ကွယ်..

မိုး.. ရူး..

လေထန်

ဒေါသမာန်ဖုံး ထစ်ခါချုန်းရင်

မောင်ကြီးရင်ခွင်ထဲ ပုန်း..တက်သူရယ်

ပြုံးပြကာရယ် ချမ်းတယ်အေးတယ်ဆိုရှာတယ်

စံပယ် စံပယ် စံပယ်နွဲ့ရယ်

အဲဒီတုန်းကမောင်ကြီးချော့ ခဲ့တယ်

လည်တံမော့မော့နဲ့ရယ်

မောင်ကြီးမျက်နှာကြည့်၇တာအမော ကွယ်..

ချောင်းရိုးကလေဆန်ရင်ကွယ်

ကောက်နှံတွေသင်းထုံမွှေးလို့ရယ်..

လယ်ယာမြေဟိုဘက်ရိုးက ချိုးကူသံတွေရယ်..

ခေတ်အသွင်အခြေပြောင်း..

နှောင်းခေတ်နဲ့မတူတယ်

ခယောင်းယာမြေဇာကျွေး..

သုံးရာသီဘယ် မလပ် သီးထပ်စိုက်ကာသာကြွယ်

ရွာ ကြီးသူရယ်

တို့ရွာသာယာ မြင်လာစေချင် တယ်..

Más De မောင်မောင်ညွှန့်

Ver todologo