အနီးဆုံး ရန်သူ
ဝေလ
လိုချင်တာတွေ အကုန်သာ နင်ယူသွားပါ
ငါ့အတွက် တစ်ခုတော့ဆုတောင်း ပေးခဲ့လိုက်ပါ
နောင်သံသရာမှာ အချစ်အကြောင်း မသိတဲ့လူသား
ဝဋ်ကြွေး ရှိသမျှကျေပါ
တစ်ခုသာ
ငါသေသေချာချာ တည်ကြည်စွာ ချစ်ထားသမျှ
နောက်ကျောက မင်းထိုးတဲ့ဓါး ဈေးပေါလိုက်တာ
နာကျင်ပါပစေ တန်ဖိုးမရှိ တဲ့ဒီဓါးကို
နင်ပြန်လည်ကာ နုတ်လို့ယူသွား
ရှိသမျှ အကုန်ပုံအပ်ကာ
ရူးမိသူရင်ကိုစုန်ကန်ထွက်သွားပါ
နေ့တိုင်း စာအုပ်တွေ နေ့စဉ် ဖတ်ပါတယ်
ဟာသတွေကြည့်နေ ခဲ့သော်လည်း
ဆယ့်ငါးမိနစ် ကျော်လာရင်
အလိုလို လွမ်းလာတယ်
ဆန္ဒကို ဘရိတ်အုပ် ထားပါတယ်
ဆင်ခြင်ရင်း ငါ စိတ်ဖြေခဲ့
အနီးဆုံးရန်သူကို
မကြွေတာ ကောင်းပါတယ်
လူတွေအမြင်မှာ နင်ဟာ ဗန္ဓုလ
ငါ့အတွက်ကျတော့ နင်က သွေးနည်းလိုက်တာ
မယ်သီတာလို စိတ်မျိုး မရှိတဲ့နင်က
အလိုတူစွာ ဒဿအလိုကျ ဖြည့်ဆည်းပါ
အကြင်နာမှန်ရင် တကယ်ကို ချိုလိုက်တာ
နောင်တနဲ့မင်း တွေ့ချိန်မှ
မလွမ်းနဲ့ တော့ကွာ
ငါလိုလူမှာ တစ်ခုတည်း
ထိန်းသိမ်း ချင်တာ
မာနနဲ့သိက္ခာတရား
ထွက်သွားပါ
ဖြူစင်ခဲ့သမျှ အမည်းစက်တွေကိုသာ
နင်လေ အမွေပေးသွား
နေ့တိုင်း စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ်
ဟာသတွေကြည့် နေခဲ့သော်လည်း
ဆယ့်ငါးမိနစ် ကျော်လာရင်
အလိုလို လွမ်းလာတယ်
ဆန္ဒကို ဘရိတ်အုပ် ထားပါတယ်
ဆင်ခြင်ရင်း ငါ စိတ်ဖြေခဲ့
အနီးဆုံးရန်သူကို
မကြွေတာ ကောင်းပါတယ်
စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ်
ဟာသတွေကြည့် နေခဲ့သော်လည်း
ဆယ့်ငါးမိနစ် ကျော်လာရင်
အလိုလို လွမ်းလာတယ်
ဆန္ဒကို ဘရိတ်အုပ် ထားပါတယ်
ဆင်ခြင်ရင်း ငါ စိတ်ဖြေခဲ့
အနီးဆုံးရန်သူကို
မကြွေတာ ကောင်းပါတယ်