menu-iconlogo
huatong
huatong
avatar

ဗျတ္တလိုပန်းဆက်သမား

အောင်သူhuatong
poledit6huatong
Letras
Grabaciones
ဗျတ္တလိုပန်းဆက်သမား

ဆို အောင်သူ

......

ပုဂံရာဇဝင်ဇာတ်ကြောင်းထဲက

လူစွမ်းကောင်း ဗျတ္တဘဝလို

မြင့်ခေါင်သော နတ်ပန်းတော

တောင်တော်ရွှေပုပ္ပါးက

မွှေးသော ကြူသော..မဉ္ဇူသကပန်း

အဆန်းဆန်းကိုခူးဆွတ်လို့ရယ်

ပုဂံပြည့်ရှင်အနော်ရထာမင်းထံ

အချိန်မှန်မှန်ဆက်သခဲ့သလိုနှယ်

မောင်ပေးခဲ့တဲ့ပန်းကလေးတွေလည်း

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဖူးတယ်

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဖူးတယ်

.......

စံပယ်ပွင့်ချိန်စံပယ်ပါကွယ်

ပိတောက်ပွင့်ချိန်ပိတောက်ဆက်ခဲ့တယ်

သဇင်ချိန်ကေသာဦးမှာ မောင်ခူးလို့

ဂုဏ်တင့်စေခဲ့တယ် နံနက်တိုင်း မှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်

စံပယ်ပွင့်ချိန်စံပယ်ပါကွယ်

ပိတောက်ပွင့်ချိန်ပိတောက်ဆက်ခဲ့တယ်

သဇင်ချိန်ကေသာဦးမှာ မောင်ခူးလို့

ဂုဏ်တင့်စေခဲ့တယ် နံနက်တိုင်း မှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်

ရုတ်တရက်နုတ်မဆက်ပါဘဲ

မင်းမောင့်ကိုခွဲထားခဲ့တာလည်း

တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီကွယ်

မင်းအုတ်ဂူ

ဖြူဖြူလေးနဲ့မောင်စကားပြောရင်း

ငိုရတာလဲမမောနိုင်ပါဘူးအချစ်ရယ်

ကေသာမှာ နေရာယူခွင့်မသာတဲ့

ပန်းကလေးတွေလဲ..အုတ်ဂူလေးပေါ်

သခင်မဲ့ကြပြီ တမလွန်ချစ်သူရယ်

စံပယ်ပွင့်ချိန်စံပယ်ပါကွယ်

ပိတောက်ပွင့်ချိန်ပိတောက်ဆက်ခဲ့တယ်

သဇင်ချိန်မင်းဂူဘေးမှာ

မောင်ခူးလို့ဆင်မြဲပါကွယ်

နံနက်တိုင်းမှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်

..........

ပုဂံရာဇဝင်ဇာတ်ကြောင်းထဲက

လူစွမ်းကောင်း ဗျတ္တဘဝလို

မြင့်ခေါင်သော နတ်ပန်းတော

တောင်တော်ရွှေပုပ္ပါးက

မွှေးသော ကြူသော..မဉ္ဇူသကပန်း

အဆန်းဆန်းကိုခူးဆွတ်လို့ရယ်

ပုဂံပြည့်ရှင်အနော်ရထာမင်းထံ

အချိန်မှန်မှန်ဆက်သခဲ့သလိုနှယ်

မောင်ပေးခဲ့တဲ့ပန်းကလေးတွေလည်း

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဖူးတယ်

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဖူးတယ်

.......

စံပယ်ပွင့်ချိန်စံပယ်ပါကွယ်

ပိတောက်ပွင့်ချိန်ပိတောက်ဆက်ခဲ့တယ်

သဇင်ချိန်ကေသာဦးမှာ မောင်ခူးလို့

ဂုဏ်တင့်စေခဲ့တယ် နံနက်တိုင်း မှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်

ရုတ်တရက်နုတ်မဆက်ပါဘဲ

မင်းမောင့်ကိုခွဲထားခဲ့တာလည်း

တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီကွယ်

မင်းအုတ်ဂူ

ဖြူဖြူလေးနဲ့မောင်စကားပြောရင်း

ငိုရတာလဲမမောနိုင်ပါဘူးအချစ်ရယ်

ကေသာမှာ နေရာယူခွင့်မသာတဲ့

ပန်းကလေးတွေလဲ..အုတ်ဂူလေးပေါ်

သခင်မဲ့ကြပြီ တမလွန်ချစ်သူရယ်

စံပယ်ပွင့်ချိန်စံပယ်ပါကွယ်

ပိတောက်ပွင့်ချိန်ပိတောက်ဆက်ခဲ့တယ်

သဇင်ချိန်မင်းဂူဘေးမှာ

မောင်ခူးလို့ဆင်မြဲပါကွယ်

နံနက်တိုင်းမှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်

UNCLe Lay

Más De အောင်သူ

Ver todologo