menu-iconlogo
logo

ကျွန်မမှားတယ်

logo
Letras
ကျွန်မမှားတယ်

ကြိုးကြာ

ချစ်သံယောဇဉ် ကြိုးတွေတိုင်း

ဆူတတ်စေတာ လည်းမသိပါ

အိပ်စက်ခြင်းကို ဖဲ့ခြွေတတ်စေခဲ့

ဒါကိုလည်း မသိ..ပါ

မောင့်ကိုတွေ့ရင် ကျေနပ်စွာ

မောင့်ရဲ့အနားမှာ ပျော်မြူးကာ

မည်သို့အပြုံးများ လေးတွေက

ရင်ခုန်ခြင်းများ မွေ့ပျော်ရာ

အချစ်ဆုံးရဲ့ အချစ်တွေမှာ

ဘယ်လိုမှ မေ့ပျောက်မရတာ

အခုကျမှ မှားမှန်းသိပြီ

မောင့်ကို ချစ်တာ

ကျွန်မရဲ့ဘဝနာကျင်ခဲ့ပြီ

ပြန်အစား မရပါ

လမ်းဘေးက ပန်းတွေထက်

ပိုတန်ဖိုးမဲ့တာ

သိပ်ချစ်ခဲ့သူမောင် ဘေးနားမှာ

မောင်မရှိတော့ပါ

ကျွန်မရဲ့လွမ်းပုံ လွဲနေခဲ့တာများ

ဒါကိုနားလည်ပါ

စိတ်လှုပ်ရှားချိန်အတွက် စာများ

ဘာတွေ ဆွေးငေး လာ

အတိတ်ရပ်ဝန်းသည် မှောင်မဲစွာ

ကောင်းကင်မိုး ပြိုပြီပဲကွာ

အရာရာအားလုံး လွဲချော်ကာ

ကိုယ်ငိုကြွေးလည်း မထူးနိုင်ပါ

ရူးမိုက်မှု စိတ်စေရာ

ဘယ်လိုမှ မလွတ်မြောက်တော့ပါ

အခုကျမှ မှားမှန်းသိပြီ

မောင့်ကို ချစ်တာ

ကျွန်မရဲ့ဘဝ နာကျင်ခဲ့ပြီ

ပြန်အစား မရပါ

လမ်းဘေးက ပန်းတွေထက်

ပိုတန်ဖိုးမဲ့စွာ

သိပ်ချစ်ခဲ့မိသူမောင် ဘေးနားမှာ

မရှိတော့ပါ

အသက်လို ချစ်သူတစ်ယောက်လား

ခုဆိုတဲ့အရွယ် လွင်ပြင်ထဲမှာ

ဘာ့ကြောင့်ထားခဲ့သလဲ မောင်ရယ်

အဖြေရှာ တွေးမရ..ပါ

ချစ်ခဲ့ခြင်းသည် နောက်ဆုံးပါ

နှုတ်ဆက် ခွဲခွာရခြင်းလား...

ရောင်စဉ် မဲ့တဲ့နေ့တွေမှာ

သံစဉ် မဲ့တဲ့ညတွေမှာ

ရက်စက်တဲ့ ချစ်သူကို

မျှော်လင့်ရင်း တမ်းတမိတာ

အခုကျမှ မှားမှန်းသိပြီ

မောင့်ကိုချစ်တာ

ကျွန်မရဲ့ဘဝ နာကျင်ခဲ့ပြီ

ပြန်အစား မရပါ

လမ်းဘေးက ပန်းတွေထက်

ပိုတန်ဖိုးမဲ့စွာ

သိပ်ချစ်ခဲ့မိသူမောင် ဘေးနားမှာ

မရှိတော့ပါ

အခုကျမှ မှားမှန်းသိပြီ

မောင့်ကို ချစ်တာ

ကျွန်မရဲ့ဘဝ နာကျင်ခဲ့ပြီ

ပြန်အစားမရပါ

လမ်းဘေးက ပန်းတွေထက်

ပိုတန်ဖိုးမဲ့စွာ

သိပ်ချစ်ခဲ့မိသူမောင် ဘေးနားမှာ

မရှိတော့ပါ

အခုကျမှ မှားမှန်းသိပြီ

မောင့်ကို ချစ်တာ

ကျွန်မရဲ့ဘဝ နာကျင်ခဲ့ပြီ

ပြန်အစား မရပါ

လမ်းဘေးက ပန်းတွေထက်

ပိုတန်ဖိုးမဲ့စွာ

သိပ်ချစ်ခဲ့မိသူမောင် ဘေးနားမှာ

မရှိတော့ပါ

ကျွန်မမှားတယ် de ကြိုးကြာ - Letras y Covers