Rap-သူငယ်ချင်းထက် ပိုတဲ့အချစ်
ငါ့စိတ်ထဲမှာ ဖြစ်ခဲ့
အနေတွေက နီးစပ်လို့
ရင်ခုန်သံတွေ ပြောင်းခဲ့
ခေါင်းထဲမှာ စဉ်းစားပေးပါ
ထားရစ်ဖို့တော့ မတွေးနဲ့
တစ်ချက်လောက်တော့
ငါ့ဘက်ကိုငဲ့......
Cho-မင်းဘက်ကတော့ဖြစ်နိုင်တယ်
အရာရာဟာလွယ်လွယ်လေးပဲ
တို့ထက်မင်းက ချစ်နိုင်တယ်
တို့များဝမ်းသာပါတယ်
တို့ဘက် အခက်အခဲများစွာရယ်
ရှေ့ဆက်လက်တွဲခက်ပြီကွယ်
မင်းလက်ကမ်းတော့ မလှမ်းနိုင်တယ်
တို့များတောင်းပန်ပါတယ်
အားနာလိုက်တာ အချစ်ရယ်
အားနာလိုက်တာ အချစ်ရယ်
ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းရယ်
အားနာလိုက်တာကွယ် ဟေဟေ...
အားနာလိုက်တာကွယ်
Rap-ဘာကြောင့်များ နင်ငြင်းတာလဲ
အမှန်တိုင်းပဲသိချင်ပါတယ်
ဘယ်လိုပုံစံငါ့ကို ပြောပြော
နင့်အနားမှာရှိချင်ပါတယ်
မနက်အချိန်ခါ အိပ်ရာထရင်
နင့်အသံကို ကြားချင်ပါတယ်
မင်းအတွက်တော့ အပျင်းပြေပါ
ဒီသီချင်းကို နားဆင်ပါကွယ်
ငါပြောတာ ကြားရင်
အဖြေတစ်ခုတော့တောင်းချင်
ကျောင်းအပြင်မှာ စာလိုက်ပေးခဲ့
ရင်ခုန်သံကိုနားဆင်
အများအမြင်မှာရိုင်းတယ်ဆိုပြီး
လူတွေဝိုင်းပြီးပြောရင်
သနားစိတ်နဲ့ စဉ်းစားပေးစေချင်
Cho-ချစ်တတ်လွန်းလို့ခက်နေတယ်
ရင်ခုန်သံမြန်နေဆဲပဲ
ခေါင်းညိတ်ဖို့တော့ မဖြစ်နိုင်တယ်
သိပ်လည်းအားနာပါတယ်
အမှတ်တမဲ့ဆုံတွေ့ခဲ့ပါတယ်
ဘဝရဲ့အခက်အခဲများစွာအလည်
စဉ်းစားရင်းနဲ့သနားလာတယ်
ကိုယ်ချင်းလည်းစာပါတယ်
အားနာလိုက်တာ အချစ်ရယ်
အို အားနာလိုက်တာ အချစ်ရယ်
ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းရယ်
အားနာလိုက်တာကွယ် ဟေဟေ..
အို အားနာလိုက်တာကွယ်
အားနာလိုက်တာ အချစ်ရယ်
အို အားနာလိုက်တာ အချစ်ရယ်
ကြင်သူလက်ကမ်းမလှမ်းဝံ့တယ်
အားနာလိုက်တာကွယ် ဟေဟေ
အို အားနာလိုက်တာကွယ်
Rap-အားနာတယ် ဆိုတဲ့စကား
ထပ်ခါထပ်ခါမပြောပါနဲ့
ငါချစ်တာသိရဲ့သားနဲ့
ရက်စက်ပြီးတော့မသွားပါနဲ့
ဘယ်လိုပုံစံအကြောင်းပြချက်နဲ့
နင်င့ါကိုငြင်းတာလည်း
ဖြေရှင်းချက်ပေးပါကွယ်
နေရတာခက်နေတယ်
Cho-ချစ်တတ်လွန်းလို့ခက်နေတယ်
ရင်ခုန်သံမြန်နေဆဲပဲ
ခေါင်းညိတ်ဖို့တော့ မဖြစ်နိုင်တယ်
သိပ်လည်းအားနာပါတယ်
တို့ဘက် အခက်အခဲများစွာရယ်
ရှေ့ဆက်လက်တွဲခက်ပြီကွယ်
မင်းလက်ကမ်းတော့ မလှမ်းနိုင်တယ်
တို့များတောင်းပန်ပါတယ်
အားနာလိုက်တာ အချစ်ရယ်
အို အားနာလိုက်တာ အချစ်ရယ်
Rap(မပြောပါနဲ့)
အားနာလိုက်တာ အချစ်ရယ်
အို အားနာလိုက်တာ အချစ်ရယ်
အားနာလိုက်တာ အချစ်ရယ်
အို အားနာလိုက်တာ အချစ်ရယ်
ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းရယ်
အားနာလိုက်တာကွယ် ဟေဟေ
အို အားနာလိုက်တာကွယ်
အားနာလိုက်တာ အချစ်ရယ်
အို အားနာလိုက်တာ အချစ်ရယ်
ကြင်သူလက်ကမ်းမလှမ်းဝံ့တယ်
အားနာလိုက်တာကွယ် ဟေဟေ..
အို အားနာလိုက်တာကွယ်.....
Nu_Nu