menu-iconlogo
huatong
huatong
avatar

အပျိုကြီးပဲလုပ်တော့မယ်

Aဝတီသင်းhuatong
michael_couture96huatong
Letras
Grabaciones
အဖေ့ရင်ခွင်အမေ့ရင်ခွင်လောက်

ဘယ်အရာကမှမနွေးထွေးဘူး....

အဖေအမေလောက်ချစ်နိုင်တာလည်း

ဒီကမ္ဘာကြီးမှာမရှိသေးဘူး...

ရှေးရှေးတုန်းကတင်စားခဲ့တဲ့

ချစ်ခြင်းဖွဲ့ဆိုစကား

အာကာကို လွှာပုံပြုလို့

မေယုကိုတဲ့စုတ်တံချီ

သမုဒ်ကိုမှင်ရည်ဖျော်လို့

ချစ်တာတွေစာစီကုံးရင်

ဆုံးနိုင်ဘူးတဲ့ရှင်

လျှာအရိုးမရှိတိုင်း........

ပြောကြတဲ့စကားလုံးတွေအောက်

အရည်ပျော်သွားမယ့်

မိန်းကလေးမဟုတ်ဘူးရှင်

မိဘရင်ခွင်နွေးနွေးလေးမှာ

ထာဝစဉ်တစ်ကိုတည်း

အပျိုကြီးပဲလုပ်တော့မယ်ရှင်

အဖေ့ရင်ခွင်အမေ့ရင်ခွင်လောက်

ဘယ်အရာကမှမနွေးထွေးဘူး...

အဖေအမေလောက်ချစ်နိုင်တာလည်း

ဒီကမ္ဘာကြီးမှာမရှိသေးဘူး...

ရှေးရှေးတုန်းကတင်စားခဲ့တဲ့

ချစ်ခြင်းဖွဲ့ဆိုစကား

အာကာကို လွှာပုံပြုလို့

မေယုကိုတဲ့စုတ်တံချီ

သမုဒ်ကိုမှင်ရည်ဖျော်လို့

ချစ်တာတွေစာစီကုံးရင်

ဆုံးနိုင်တဲ့ဘူးတဲ့ရှင်

လျှာအရိုးမရှိတိုင်း.......

ပြောကြတဲ့စကားလုံးတွေအောက်

အရည်ပျော်သွားမယ့်

မိန်းကလေးမဟုတ်ဘူးရှင်..

မိဘရင်ခွင်နွေးနွေးလေးမှာ

ထာဝစဉ်တစ်ကိုတည်း

အပျိုကြီးပဲလုပ်တော့မယ်ရှင်

တစ်မိသားနဲ့ တစ်မိသား

ချစ်တယ်ဆိုတာ..

ဘာမှမတော်တဲ့သူစိမ်းသက်သက်မို့

လေးနက်မယ်လို့မထင်....

ချစ်ကြတုန်းတော့ပြုံးပြုံးရွှင်ရွှင်

ကိုရယ်မောင်ရယ်ခင်ရယ်ချစ်တယ်

မုန်းကြပြန်တော့မျက်နှာမထောက်

ဟောတစ်ယောက်

ဟောတစ်ယောက်ထည်လဲတွဲတယ်

ကဲဘယ်မှာလဲ

အချစ်စစ်ဆိုတာ ဒါလားချစ်တာ

ဒါလားချစ်တာ..

သေချာတွေးတော့

စိတ်ညစ်စရာဇာတ်လမ်းတွေပဲရှင်

ရည်းစားမရှိတဲ့

ကျွန်မဘ၀အပျိုကြီး

မချစ်တက်ဘူးနော်

ကျွန်မကအပျိုကြီး

အမုန်းလည်းမရှိတယ်

အလွမ်းလည်းမရှိတယ်

အဆွေးလည်းမရှိတဲ့

ကျွန်မဘ၀အပျိုကြီး..

အေးမြတဲ့အချစ်စစ်အကြောင်းကို

ပဟေဠိအဖြေညှိလိုက်ရင်

အဖေရယ်အမေရယ်

မောင်နှမသားချင်းချစ်တာမျိုးမှ

အဖိုးမဖြတ်နိုင်သော....

မေတ္တာပါရှင်..

မိဘရင်ခွင်နွေးနွေးလေးမှာ

ထာဝစဉ်တစ်ကိုတည်း

အပျိုကြီးပဲလုပ်တော့မယ်ရှင်

တစ်မိသားနဲ့ တစ်မိသား

ချစ်တယ်ဆိုတာ..

ဘာမှမတော်တဲ့

သူစိမ်းသက်သက်မို့

လေးနက်မယ်လို့မထင်....

ချစ်ကြတုန်းတော့ပြုံးပြုံးရွှင်ရွှင်

ကိုရယ်မောင်ရယ်ခင်ရယ်ချစ်တယ်

မုန်းကြပြန်တော့မျက်နှာမထောက်

ဟောတစ်ယောက်

ဟောတစ်ယောက်ထည်လဲတွဲတယ်

ကဲဘယ်မှာလဲ

အချစ်စစ်ဆိုတာ ဒါလားချစ်တာ

ဒါလားချစ်တာ.. သေချာတွေးတော့

စိတ်ညစ်စရာဇာတ်လမ်းတွေပဲရှင်

ရည်းစားမရှိတဲ့

ကျွန်မဘ၀အပျိုကြီး

မချစ်တက်ဘူးနော်

ကျွန်မကအပျိုကြီး

အမုန်းလည်းမရှိတယ်

အလွမ်းလည်းမရှိတယ်

အဆွေးလည်းမရှိတဲ့

ကျွန်မဘ၀အပျိုကြီး..

အေးမြတဲ့အချစ်စစ်အကြောင်းကို

ပဟေဠိအဖြေညှိလိုက်ရင်

အဖေရယ်အမေရယ်

မောင်နှမသားချင်းချစ်တာမျိုးမှ

အဖိုးမဖြတ်နိုင်သော...

. မေတ္တာပါရှင်..

မိဘရင်ခွင်နွေးနွေးလေးမှာ

ထာဝစဉ်တစ်ကိုတည်း

အပျိုကြီးပဲလုပ်တော့မယ်ရှင်

အားလုံးကိုကျေးဇူး

အများကြီးတင်ပါတယ်

ရဲနိုင်

Más De Aဝတီသင်း

Ver todologo