menu-iconlogo
huatong
huatong
avatar

ချစ်ဖူးတဲ့ပုံပြင်

Byad Dahuatong
faithgod1huatong
Letras
Grabaciones
အို .. ပြန်ဆုံနိုင်မလား

ဒီရင်ခွင်ကမင်းအတွက်ပဲ ဖြည့်ဆည်းမယ်

(ဖြည့်ဆည်းမယ်)

နင်ပေးတဲ့ ကတိသစ္စာတရား

မင်းက ဖျောက်ဖျက်တာလား

နှုတ်မဆက်ကာ ထွက်ပြေးသွား

ပုံပြင်တစ်ပုဒ်လား

ဟိုအရင်တစ်ချိန်ကပေးခဲ့တဲ့ ဒီအနမ်းတွေ

(ဒီ အနမ်းတွေ)

မင်းက သတိရပါ့မလား

ငါ့အတွေးများ ရူးသွပ်လို့သွား

အခုတော့ ငါတစ်ယောက်တည်းပေါ့

တဒင်္ဂ ချစ်ခဲ့ဖူးတဲ့ ဟိုး အတိတ်နေ့များစွာ

ပြန်မရနိုင်တော့ပါလွမ်းလို့ တစ်ယောက်တည်းငါ

နင်က မေ့လောက်ပြီလား

အခြားတစ်ယောက်ရှိလို့နေမလား

ငါ တွေးရင်းစိတ်ပူလာ

မိုးရေထဲမှာလွမ်းလို့ တစ်ယောက်တည်းငါ

စောင့်နေဆဲ ငါလွမ်းလို့ပြန်ခဲ့ပါ

နင်ကရက်စက်တယ် တအား

ဒီနှလုံးသား ခွဲလို့ထွက်သွား

ထားခဲ့ပါ နင့်သဘောအတိုင်း

ဒီ အလွမ်းများကြားထဲမှာ

တဒင်္ဂအချစ်များ ဒီရင်ခွင်မှာထား

နှုတ်ဆိတ်လို့နေခဲ့ပြီ (နေခဲ့ပြီ)

နင့်နှုတ်ခမ်းကထွက်တဲ့ ဒီစကား

ငါမသိတဲ့ တစ်ခြားတစ်ယောက်ဖြစ်သွား

ပြောင်းလဲမြန်ဆန်လွန်းတဲ့ နင်

ဟိုး ဝိုး .. ပုံပြင်တစ်ပုဒ်လား

ဟိုအရင်တစ်ချိန်ကပေးခဲ့တဲ့ ဒီအနမ်းတွေ

(ဒီ အနမ်းတွေ)

မင်းက သတိရပါ့မလား

အတွေးများ ရူးသွပ်လို့သွား

အခုတော့ ငါတစ်ယောက်တည်းပေါ့

တစ်နေ့တော့ နင်ပြန်လာမယ် ငါမျှော်လင့်လို့

ငါ့ရဲ့ ဘဝအတွက်

မရှိမဖြစ်ပါ အချစ်ရာ

ဒီရင်ခွင်အိုဟောင်းလေးထဲ ငါ့ကိုထားခဲ့

ဒီ အလွမ်များကြား

တဒင်္ဂ ချစ်ခဲ့ဖူးတဲ့ ဟိုး အတိတ်နေ့များစွာ

ပြန်မရနိုင်တော့ပါလွမ်းလို့ တစ်ယောက်တည်းငါ

နင်က မေ့လောက်ပြီလား

အခြားတစ်ယောက်ရှိလို့နေမလား

ငါ တွေးရင်းစိတ်ပူလာ

မိုးရေထဲမှာလွမ်းလို့ တစ်ယောက်တည်းငါ

စောင့်နေဆဲ ငါလွမ်းလို့ပြန်ခဲ့ပါ

နင်ကရက်စက်တယ် တအား

ဒီနှလုံးသား ခွဲလို့ထွက်သွား

ထားခဲ့ပါ နင့်သဘောအတိုင်း

ဒီ အလွမ်းများကြားထဲမှာ

(တဒင်္ဂ ချစ်ခဲ့ဖူးတဲ့ ဟိုး အတိတ်နေ့များစွာ)

(ပြန်မရနိုင်တော့ပါလွမ်းလို့ တစ်ယောက်တည်းငါ)

(နင်က မေ့လောက်ပြီလား)

(အခြားတစ်ယောက်ရှိလို့နေမလား)

(ငါ တွေးရင်းစိတ်ပူလာ)

မိုးရေထဲမှာလွမ်းလို့ တစ်ယောက်တည်းငါ

စောင့်နေဆဲ ငါလွမ်းလို့ပြန်ခဲ့ပါ

နင်ကရက်စက်တယ် တအား

ဒီနှလုံးသား ခွဲလို့ထွက်သွား

ထားခဲ့ပါ နင့်သဘောအတိုင်း

Más De Byad Da

Ver todologo