menu-iconlogo
huatong
huatong
avatar

တစ်ရွာသားနဲ့ပုဝါပါး

စိုင်းဆိုင်u200bမောဝ်huatong
rmikehuatong
Letras
Grabaciones
တစ်ရွာသားနဲ့ပုဝါပါး

upload ဆောင်းနှင်းဖြူ

ဝေသီခေါင်အောင် မြင့်မားတဲ့မြေ

တောင်ပေါ်လမ်း ကားကလေးနဲ့လေ

ကြုံဆုံလို့တစ်ခေါက် လိုက်ခဲ့တာ

ချယ်ရီတွေ ပွင့်တဲ့ ရှမ်းမြေ ..

မူဆယ်လမ်း ကားကလေးနဲ့လှမ်းကာလေ

ဒီလိုနဲ့ ရောက်ခဲ့တဲ့ ရှမ်းဋ္ဌာနေ ..

ဒီဇင်ဘာမို့ မြူနှင်းများဝေ

မူဆယ်စျေးက ရှမ်းခေါက်ဆွဲလေး

ကျနော်လေသွား စားလို့မဝပေ

ဖော်ရွေတဲ့ ရှမ်းမလေး ရောင်းနေ..

ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားတာလား

ဆိုင်ရှင်လေး ချောလွန်းလို့ သွားတာလား!

အမြင်တွေကြာတော့ အကြည့်ချင်းဆုံ

မျက်လုံးချင်း စကားပြောတတ်လာတယ်

အချိန်တန်ရင်လေ မြေပြန့်ကို

ပြန်ရမဲ့ ခရီးသွားဧည့်သည်မို့

တစ်ရွာသား ရီးစားထားရင်လေ

ပုဝါပါးပါးလေးလဲ စွန်းမှာစိုး ..

မူဆယ်လမ်းက ပြန်ခဲ့တဲ့အခါ

တောင်ပေါ်လမ်းများ အကွေ့အကောက်နဲ့သာ

ကျနော်လေတွေးရင်း စိတ်ကူးကြည့်ကာ

တောင်ပေါ်သူ ရိုးသားတဲ့မျက်နှာ

ဒီခေါက်ဆွဲ ကောင်းလို့လဲ စားတာပါ

ကောင်မလေး လှလို့လဲ သွားတာပါ

ဝေသီခေါင်အောင် မြင့်မားတဲ့မြေ

တော်ပေါ်လမ်း ကားကလေးနဲ့လေ

ကြုံဆုံလို့တစ်ခေါက် လိုက်ခဲ့တာ

ချယ်ရီတွေ ပွင့်တဲ့ ရှမ်းမြေ ..

မူဆယ်လမ်း ကားကလေးနဲ့လှမ်းကာလေ

ဒီလိုနဲ့ ရောက်ခဲ့တဲ့ ရှမ်းဋ္ဌာနေ ..

ဒီဇင်ဘာမို့ မြူနှင်းများဝေ

မူဆယ်စျေးက ရှမ်းခေါက်ဆွဲလေး

ကျနော်လေသွား စားလို့မဝပေ

ဖော်ရွေတဲ့ရှမ်းမလေး ရောင်းနေ..

ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားတာလား

ဆိုင်ရှင်လေး လှလွန်းလို့ သွားတာလား!

အမြင်တွေကြာတော့ အကြည့်ချင်းဆုံ

မျက်လုံးချင်း စကားပြောတတ်လာတယ်

အချိန်တန်ရင်လေ မြေပြန့်ကို

ပြန်ရမဲ့ ခရီးသွားဧည့်သည်မို့

တစ်ရွာသား ရီးစားထားရင်လေ

ပုဝါပါးပါးလေးလဲ စွန်းမှာစိုး ..

မူဆယ်လမ်းက ပြန်ခဲ့တဲ့အခါ

တောင်ပေါ်လမ်းများ အကွေ့အကောက်နဲ့သာ

ကျနော်လေတွေးရင်း စိတ်ကူးကြည့်ကာ

တောင်ပေါ်သူ ရိုးသားတဲ့မျက်နှာ

ဒီခေါက်ဆွဲ ကောင်းလို့လဲ စားတာပါ

ဆိုင်ရှင်လေး လှလို့လဲ သွားတာပါ..

ဒီခေါက်ဆွဲ ကောင်းလို့လဲ စားတာပါ

ကောင်မလေး လှလို့လဲ သွားတာပါ..

တစ်ရွာသား ရီးစားထားရင်လေ

ပုဝါပါးပါးလေးလဲ စွန်းမှာစိုး ..

Más De စိုင်းဆိုင်u200bမောဝ်

Ver todologo