menu-iconlogo
huatong
huatong
double-j-why-cover-image

WHY

Double Jhuatong
Subido por ƬӇเ༄ɦα
Why

စကားလုံးရဲ့အဆုံးမှာ မင်းလေးမျက်ရည်ပြို... ဝူးဝိူးဝို

နာကျင်စွာနဲ့ လမ်းခွဲခြင်းကိုရွေး.....

ကမ္ဘာတူနေလည်း ချစ်ဖို့မဖြစ်နိုင်သေး....

မချစ်လို့မှမဟုတ်တာကို မင်းလေးသိမယ်လို့... ဝူးဝိုးဝူ..

ဝန်ခံချင်ရက် ဖွင့်ဟခွင့်တောင် မရခဲ့

ပိုင်ဆိုင်ချင်ရက် စွန့်လွတ်လိုက်တာ ငါ့အမှားပဲ....

ရူးရူးမိုက်မိုက်တို့ စွဲလမ်းကြတယ်

အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်

ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ..

ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလဲ...

အေးတိအေးစက်မင်း အပြုံးများနောက်ကွယ်

မပြောဖြစ်ခဲ့တဲ့ စကားလုံးများ ကြောင့်ရယ်

ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲ...

ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲ.....

Rap အဲ့ဒီညမှာ အသည်းတွေကွဲတာနဲ့ စ

နောက်ထပ် လူတစ်ယောက်ကို ထပ်ချစ်နိုင်သေးလားလို့ မင်းမေးရင်...

အရာရာအားလုံးဟာ မင်းနဲ့သက်ဆိုင်တယ်လို့ မင်းတွေးရင်....

ဒါဟာအမှန်တရားပဲလေ အချစ်ရေမင်းနဲ့ မဝေးချင်...

ငါ့အိမ်မက်တွေဟာ ဟိမဝန်တာ နှင်းတွေထဲကိုရောက်ခဲ့

ဒြပ်မဲ့ကွန်ကရစ်နဲ့ လုပ်ထားတဲ့ မီးတောင်များပေါ်ရောက်ခဲ့..

တစ်ဝေါဝေါဆင်းနေတဲ့ မြစ်ရဲ့ မလွန်ဆန်နိုင်ခြင်းပေါ် ရောက်ခဲ့

မင်းရဲ့အချစ်ဆိုတဲ့ နာကျင်ရခြင်းအပေါ် တိုက်တွေ ဆောက်ခဲ့..

ငါဟာမင်းနဲ့ပတ်သတ်ရင် စိတ်ပျော့နေလွန်းလို့တဲ့ ရူးမိုက်စရာ..

မင်းပန်းပဲခူးခူး လမ်းပဲကူးကူး ဘဝမှာဂရုစိုက်ပါ....

အသည်းကွဲတဲ့ တနင်္လာနေ့တွေဟာ အပတ်တိုင်းမှာ ငါ့ဆီရောက်လာ...

နိုင်ငံတော် သတင်းစာထဲ ထည့်ရေးရင် မင်းက ထရယ်လောက်မလား...

ချစ်တယ်.. တကယ်ဆို ခေါင်းတွေသာ ငြိမ့်မိသူ

မင်းမျက်နှာလေး မြင်ရဖို့ ကံကြမ္မာကို ဓားနဲ့ကြိမ်းမိသူ..

ပျော်ရွှင်ခဲ့တာ မင်းနဲ့ငါ တကယ်ဆိုချစ်ခဲ့တာ မင်းနဲ့ငါ

အသည်းတွေကွဲခဲ့လည်း နောင်တတွေမရခဲ့တာ မင်းနဲ့ငါ

ရူးရူးမိုက်မိုက်တို့ စွဲလမ်းကြတယ်

အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်

ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ..

ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလဲ...

အေးတိအေးစက်မင်း အပြုံးများနောက်ကွယ်

မပြောဖြစ်ခဲ့တဲ့ စကားလုံးများ ကြောင့်ရယ်

ငါနဲ့နင်နဲ့ဘာကြောင့် ဝေးခဲ့ရလဲ...

ငါနဲ့နင်နဲ့ဘာကြောင့် ဝေးခဲ့ရလဲ.....

Ohhhh.......

ရူးရူးမိုက်မိုက်တို့ စွဲလမ်းကြတယ်

အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်

ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ..

ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလဲ...

အေးတိအေးစက်မင်း အပြုံးများနောက်ကွယ်

မပြောဖြစ်ခဲ့တဲ့ စကားလုံးများ ကြောင့်ရယ်

ငါနဲ့နင်နဲ့ဘာကြောင့် ဝေးခဲ့ရလဲ..

ငါနဲ့နင်နဲ့ဘာကြောင့် ဝေးခဲ့ရလဲ.....

Ohhhh.....

Grabaciones

Te Podría Gustar

Ver máslogo

Listas de reproducción relacionadas

Ver máslogo