menu-iconlogo
logo

တိမ်မျှင်ရောင်ကကြိုး(Unicode)

logo
Letras
"တိမ်မျှင်ရောင်ကကြိုး"

ဆို G.Fatt

Feat: Htway Htway

ဟို....ဟိုး... ဟိုး.....ဟို

ဟို....ဟိုး... ဟိုး.....ဟို

အိုး.. ဝေလီဝေလင်း

အိမ်ပြင်မြင်ကွင်း မြူခိုးလေးများမြင်

ရင်ခုန်စွာသီချင်းလေး သီဆိုနေရင်းလေ

မင်းအနောက်ကိုလိုက်ဖို့ အထုပ်ပိုးလေးတွေပြင်

စိုးရိမ်နေတယ် အချစ်

အဖေအမေတွေ နိုးသွားမှာကြောက်နေ

မင်းမျက်နှာတစ်ရွာထင် အချစ်နဲ့ဆိုကမာ္ဘပြင်

အဆုံးထိအောင် လိုက်ခဲ့မယ့်သူပါရှင်

တိမ်မျှင်ရောင်ကကြိုး....

လေနှင်ရာပါလို့

ရင်ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုံ

နင်ထွေးဖက် ထားပါအုုံး

သက်တန့်ကြီးတွေကို

ခိုကာစီးပြီးသွားမယ် အဝေးဆုံး

နဂါးငွေ့တန်းတွေပေါ်မှာ ဆိုရင်

ကြယ်တာယာတွေ မင်းခူးဆွတ်ပေးအုံး

ဟိုးမှာ ကြည့်လိုက်စမ်း

စပါးပင်တွေ လေယူရာလွင့်

အေးချမ်းတဲ့အရိပ် တစ်ခုခု

ရှာနားကြမယ် နေပူလာရင်

ကဲရှင်နဲ့မခွဲဘူးစိတ်ချ သေအတူပါပင်

ပဝါမကူရေမရှုကာ ချစ်

အဲ့လိုဖြစ်စေသူက မင်းမင်းမင်း

မင်းအလှက တစ္ဆေတစ်ကောင်လို

ကျောချမ်းစေ

မိုင်းပြပြတောတန်း တွေကိုကြည့်ပြီး

အမောအပန်းဖြေကာ အနမ်းချွေ

ကြင်နာစွာပွေ့ဖက် ထားရတာ

လူကို သဘောအရမ်းတွေ့

အခုလိုဖီးလ်ကို ဘယ်အရာတွေနဲ့

့လဲနိုင်မှာလည်း ပြောစမ်းဟေ့

မကြာခင်ဆိုမင်းမိဘတွေ စိတ်ပူလောက်ရော့မယ်

မြို့ပြကဗေဒင်တွေလို နိမိတ်ယူကောက်တော့လွဲ

မကြောက်တော့နဲ့ မင်းအတွက်ငါ

အဆင်းအတက် များတဲ့လောကထဲ

နင်းဖြတ်မှာကတိတွေ ပေးရင်းညဉ့်နက်လာ

ယုံချင်ယုံ မယုံချင်နေပေါ့

အိပ်ရာမှာ ပုံပြင်တွေပြော

ထုံကျင်နေသော အရသာကိုပဲငါ

ခုံမင်နေတော့

လိုအပ်ရင် အသက်ပါယူ

မင်းကလွဲဘာမှ မမက်ပါဘူး

ဒီညတော့ အိပ်စက်ဖို့ကမာ္ဘကို

ကျောခင်းငါမင်းဆီ မျက်နှာမူ

တိမ်မျှင်ရောင် ကကြိုး....

လေနှင်ရာပါလို့

ရင်ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုံ

နင်ထွေးဖက် ထားပါအုုံး

သက်တန့်ကြီးတွေကို

ခိုကာစီးပြီး သွားမယ်အဝေးဆုံး

နဂါးငွေ့တန်းတွေ ပေါ်မှာဆိုရင်

ကြယ်တာယာတွေ မင်းခူးဆွတ်ပေးအုံး

ဟူး....ဟူး

ဟူး.... ဟူး...

မိုးထိလု တောင်ဆီမှာပေါ့

နံနက်ခင်း ရောင်ခြည်လာတော့

ငါတို့နှစ်ယောက် အိပ်ယာထချိန်

ကျေးငှက်တို့ လှောင်ရီကာအော်

ကောင်းကင်က

အပြာရောင်ဝတ်စုံတစ်ထည် ဆင်မြန်းထား

တိမ်တွေကမတည်မြဲတဲ့ သဘောကို

ပြောပြတာ လောကသင်ခန်းစာ

ရွှင်လန်းစွာ နိုးထရင်း

ငြီးတွားမိတဲ့ ရိုးရာသီချင်း

ဟိုးမှာမြင်လား ပင်လယ်ပြင်

ဝေးကွာခဲ့ပြီ မြို့ပြနှင့်

ထွက်ခဲ့တဲ့ ချစ်ခရီးမှာ

စေတနာတွေ ရေစီးကမ်းပြို

မြစ်ကြီးအလား မနက်စာအတွက်

ငါခူးလာခဲ့ပြီ သစ်သီးများ

ငါ့တွက်မလိုပါဘူး

မင်းပဲအားရှိအောင် ဝမ်းစာဖြည့်

ပင်ပန်းတာတွေလည်း များနေပီမို့

ဂရုစိုက်ပါ ကျန်းမာရေး

ဒုက္ခသမုဒ္ဓရာ လက်ပစ်ကူးဆဲ

အခုချိန်ထိ ကမ်းကမတွေ့

သို့ပေမယ့် အားမလျှော့ပါနဲ့

့ကျုပ်မှာကိုယ်ပိုင် အစွမ်းအစအပြည့်

ဟေ့ပြောဖူးတဲ့ တစ်ခါကစကားလိုမျိုးပဲ

အချစ်မှာ ပကာသနများမလို

ထာဝရဘုရားနဲ့ သဘာဝတရားကိုကိုးကွယ်

မာနများဆို ချိုးဖဲ့

မထားပါနဲ့လား အငြိုးအတေးတွေ

အဖြူထည်သက်သက် ချစ်ပါကွာ

အပြန်အလှန်အရောင်တွေ မဆိုးကြေးလေ

တိမ်မျှင်ရောင် ကကြိုး....

လေနှင်ရာပါလို့

ရင်ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုံ

နင်ထွေးဖက် ထားပါအုုံး

သက်တန့်ကြီးတွေကို

ခိုကာစီးပြီး သွားမယ်အဝေးဆုံး

နဂါးငွေ့တန်းတွေ ပေါ်မှာဆိုရင်

ကြယ်တာယာတွေ မင်းခူးဆွတ်ပေးအုံး

ဟူး....ဟူး

ဟူး.....ဟူး.....

မင်းကို ခိုးပြေးပြီး

နောက်နေ့မနက်မှာ ရန်ကုန်မြို့က

သူငယ်ချင်းတွေလည်း ပြန်အောင့်မေ့လျက်ပါ

စိုးရိမ်လို့ မေးပါရစေ

မင်းကမြစ်တွေလို ကောက်ကွေ့တတ်သလား

သေချာတယ်မင်းမရှိရင် ငါ့ဘဝ

သဲကန္တာရလို ခြောက်သွေ့အက်ရှ

ငါလည်း မင်းလိုပါပဲ

ဒီဘဝထဲ နင်မရှိတော့ဘူးဆို

အတောင်ကျိုးတဲ့ ငှက်လို

ရှင်သန်နေလည်း မထူးဘူး

ပျော်နိုင်မှာ မဟုတ်ဘူး

MCတိုင်း အလွယ်မရတဲ့

့ကာရံတွေငါ ကြွယ်ဝစွာသုံး

သီချင်းစပ်ပြီး ဖွဲ့နွဲ့လောက်အောင်

မင်းက ရှယ်လှတာမို့

္နှုနှုတ်ခမ်းနီပါးနီ မိတ်ကပ်တွေဘာတွေလည်း

ခြယ် သစရာမလို

တိမ်မျှင်ရောင်ကကြိုး

အဖြူစင်ဆုံးသစ္စာ ဆယ်ဘဝစာဆို

ကျောက်ဖြစ် ရုပ်ကြွင်းတွေလို

ထင်ကျန်ချင် မင်းနဲ့လက်တွဲ

အသက် ထွက်သည့်တိုင်

အချစ်ကဘဝတိုင်း ပေါင်းဖက်ရစေသား

ဒါအဖြူစင်ဆုံး သစ္စာ...

Thank You.....

တိမ်မျှင်ရောင်ကကြိုး(Unicode) de G-fatt/Htway Htway - Letras y Covers