menu-iconlogo
huatong
huatong
graham--cover-image

အချစ်ဖေါ်ကောင်

Grahamhuatong
sjkiddhuatong
Letras
Grabaciones
သီချင်း - အချစ်ဖော်ကောင်

တေးဆို - ဂရေဟမ်

ခင်မင်ခဲ့ရတဲ့အချစ်ဆုံးသူငယ်ချင်းရေ

တို့နှစ်ယောက်မရိပ်မိခင်မှာပဲ

ခိုင်မာသွားတဲ့အကြင်နာနှောင်ကြိုးဟာ

တို့အသည်းတွေကိုရစ်နှောင်ပြီ

ကိုယ်စီထားရှိတဲ့ အချစ်မေတ္တာတရားကို

နှုတ်ဖျားကမပြောကြပေမယ့်လည်း

ဝေဒနာနွေးတဲ့ အကြင်နာအကြည့်လေးဟာ

အချစ်ရဲ့ဖော်ကောင်လေးတွေပါ

အချစ်ဆုံး အတွယ်တာဆုံးလို့မှတ်လိုက်ပြီ

မိန်းကလေးရေတွေဝေမနေနဲ့တော့

အိုး ဣန္ဒြေသိက္ခာငဲ့ကာ

မာယာတွေမသုံးစေချင်ဘူး

ပညာတွေမပြစေချင်ဘူး

တွယ်တာခဲ့ရတဲ့အဆင့်ကလေးကျော်ခဲ့တာ

နှစ်ဦးသားသတိမထားခင်မှာပဲ

အပြန်အလှန်ထားရှိတဲ့

စေတနာသဒ္ဓါများဟာ

တို့အသည်းတွေကိုချုပ်ကိုင်ပြီ

ရင်မှာသိမ်းဆည်းတဲ့ အရိုင်းမေတ္တာလေးကို

စကားဖွဲ့ပြီးမပြောကြပေမယ့်လည်း

ဆုံနေကြတဲ့အကြင်နာမျက်ဝန်းမှာ

အချစ်ရဲ့ခြေရာတွေ့ပြီလေ

အချစ်ဆုံးအတွယ်တာဆုံးလို့မှတ်လိုက်ပြီ

မိန်းကလေးရေတွေဝေမနေနဲ့တော့

အိုး ဣန္ဒြေသိက္ခာငဲ့ကာ

မာယာတွေမသုံးစေချင်ဘူး

ပညာတွေမပြစေချင်ဘူး

အိုး ဣန္ဒြေသိက္ခာငဲ့ကာ

မာယာတွေမသုံးစေချင်ဘူး

ပညာတွေမပြစေချင်ဘူး

Más De Graham

Ver todologo