menu-iconlogo
huatong
huatong
avatar

တုံ့ပြန်ဖို့မလိုဘူးလား

hseng samhuatong
nissanboyhuatong
Letras
Grabaciones
သီချင်း - တုံ့ပြန်ဖို့မလိုဘူးလား

တေးဆို - ဆိုင်စံ

တွယ်တာမှုတွေ ဖုံးလွှမ်းနေတဲ့

မင်းမျက်လုံးရဲ့ အကြည့်ကို

ပီတိလေးတွေ တစိမ့်စိမ့် ဖြာကာ

ရင်ခုန်သံကြား ခံစားမိတယ်

ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံး တစ်နေရာ

ရောက်ရသလိုပဲ

ကြင်နာမှုတွေ အပြည့်အဝပါတဲ့

မင်းနှုတ်ခမ်းက စကားကို

သံသယကင်းစွာ တသိမ့်သိမ့် ရင်မှာ

နားဝင်ချိုအေး ပြန်ကြားမိတယ်

အသာယာဆုံး အချစ်ကဗျာ ကြောဝယ်

နစ်မျောသလိုပဲ

အို အဖိုး ထိုက်တန်လှတဲ့ အချစ်ရဲ့လက်ဆောင်

ထာဝရ ရက်ရက်ရောရော ပေးခဲ့ပြီးမှ

တုံ့ပြန်နှင်းမယ့် ကိုယ့်မေတ္တာ

ဘာကြောင့်များ လျစ်လျူရှုလို့ ထားခဲ့ရက်လဲ

တကယ်ဆို မင်းထက် မပိုရင်တောင်မှ

မလျော့တဲ့ ကိုယ့်အချစ်ပါ

တုံ့ပြန်ဖို့ မလိုဘူးလား

တွယ်တာမှုတွေ ဖုံးလွှမ်းနေတဲ့

မင်းမျက်လုံးရဲ့ အကြည့်ကို

ပီတိလေးတွေ တစိမ့်စိမ့် ဖြာကာ

ရင်ခုန်သံကြား ခံစားမိတယ်

ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံး တစ်နေရာ

ရောက်ရသလိုပဲ

ကြင်နာမှုတွေ အပြည့်အဝပါတဲ့

မင်းနှုတ်ခမ်းက စကားကို

သံသယကင်းစွာ တသိမ့်သိမ့် ရင်မှာ

နားဝင်ချိုအေး ပြန်ကြားမိတယ်

အသာယာဆုံး အချစ်ကဗျာ ကြောဝယ်

နစ်မျောသလိုပဲ

အို အဖိုး ထိုက်တန်လှတဲ့ အချစ်ရဲ့လက်ဆောင်

ထာဝရ ရက်ရက်ရောရော ပေးခဲ့ပြီးမှ

တုံ့ပြန်နှင်းမယ့် ကိုယ့်မေတ္တာ

ဘာကြောင့်များ လျစ်လျူရှုလို့ ထားခဲ့ရက်လဲ

တကယ်ဆို မင်းထက် မပိုရင်တောင်မှ

မလျော့တဲ့ ကိုယ့်အချစ်ပါ

တုံ့ပြန်ဖို့ မလိုဘူးလား

Más De hseng sam

Ver todologo