သီချင်း - အနုပညာရွှေမြို့တော်
တေးဆို - J-Fire
သူရိယသငေ်္ဘာပေါ်ကရှင်နှစ်ပါး
ရင်ဘတ်ထဲမှာနာကျင်နေတယ်
ဂေါဝိန်ဆိပ်ကမ်း
ပတ်ပတ်လည်ကလူတွေ
အန်တွေကြိတ်လို့လက်သီးဆုပ်ပြီး
ဆတ်ဆတ်ခါအောင်နာကျင်နေတယ်
နေဝင်သွားပြီ..
မြနန်းစံကျော်ပုလ္လင်ဘေးမှာ
ရှူးဖိနပ်ရာတွေနဲ့
တစ်မြို့လုံးကလူတွေ
မျှော်လင့်ချက်မဲ့ကူးခပ်ကာနေတယ်
စိတ်ဓာတ်တွေလည်းကျ
အိပ်ပျက်နေခဲ့ရ
ကျည်ဆံတွေထိပ်ဖျားမှာ
ရွှေဗဟိုစည်သံတွေ
တိတ်သွားတဲ့အချိန်မှာ...
နေမျိုးဗလကျော်သူဘွဲ့
ရရွာစားစိန်ဗေဒါ
နန်းတော်အရှေ့အရပ်ကဆရာတင်နဲ့
အလင်္ကာကျော်စွာမြို့မငြိမ်းတို့နဲ့
လေဘာတီမမြရင်
သဘင်ပညာတွေကပြရင်းနဲ့
စာပေပညာရှင်တွေ
မန္တလာမြေကိုအစကပြန်ပြီးတည်
တိုင်းတပါးသားနဲ့သူတို့
လူမျိုးတွေကြားမှာ
ယနေ့ထိငါတို့အနုပညာရွှေအိုးကို
လူခိုး၍မရပါ
တဖြေးဖြေးမြူခိုးတွေကြားမှာ
အချိန်တွေကုန်လွယ်ခဲ့ပေမဲ့
မန္တလေးသား
ဘယ်ဒေသရောက်ရောက်
အနုပညာတော့ဂုဏ်မငယ်ခဲ့ဟေ့
ခေါင်းဆောင်ကောင်းတို့
မွေးဖွားရာမြေ
စိတ်ဓာတ်ရဲရင့်မြင့်မြတ်သူတွေ
ကျော်ကြားခဲ့သောသူရဲကောင်းများစွာ
ခေတ်အဆက်ဆက်ယဉ်ကျေးမှု
ထွန်းကားရာမြို့ပါ
သမိုင်းဝင်ခဲ့တဲ့မြို့
ရွှေအဆင်းတို့
အနုပညာမှတ်ကျောက်တင်ခဲ့တဲ့မြို့
မိုးမြင့်ထက်ကခမ်းနားစေခဲ့
ရာဇဝင်တွင်ကျန်စေခဲ့မန္တလေး
အတိတ်ကဒီလိုအရာတွေကို
စိတ်ကကြည်ညိုကာနေရင်း
ပေးဆပ်သူတွေ
ချွေးတွေသွေးမြေကျတဲ့
မြေပေါ်မတ်မတ်ရပ်
လက်သီးဆုပ်ခေါင်းမော့
မန္တလေးသားလို့ကြွေးကျော်ပြီးတော့
အရည်အချင်းတစ်ခုကို
ခင်းကျင်းပြသလေစိတ်ဓာတ်တွေ
ပြင်းပြင်းပြပြဟေ့
မိခင် ဧရာဝတီကြီးစီးဆင်းနေသလို
ချမ်းအေးပူအိုက်ပြီးဆောင်းတွင်းဆို
နန်းတွင်းပြသာဒ်တွေပေါ်
ဆီးနှင်းတွေယို
ရောဂါဘယတွေ
ခန္ဓာကိုယ်တစ်ခုလုံး
ထုထောင်းလို့ကျလည်း
ဘုရားကြီးကြေးရုပ်ကြီးတွေဆီမှာ
ပွတ်ပြီးဆုတောင်းလို့ရတယ်
တန်ခိုးကြီးဘုရားများလည်း
ရွှေချထားတယ
်လေးကျွန်းစင်္ကြာဝဠာထဲ
သပ္ပဝတီအရပ်က
ကြေးသွန်းအတတ်ပညာနဲ့
ကျောက်ဆစ်တန်းက
ကျောက်ဆစ်ပညာတွေ
ကနောင်မင်းသားရဲ့
စိတ်ပန်းကစက်မှုပညာနဲ့
ရွှေချည်ငွေချည်ထိုးတဲ့
တောင်မြို့ကလက်မှုပညာတွေ
အစရှိသမျှမန်းတောင်ရိပ်အောက်
မန္တလေးသားတို့ဖန်တီးကြတယ်
ဦးပိန်နေဝင်ချိန်ကအလှတရားကို
အနုပညာတွေဖန်တီးကြတယ်
မန္တလေးတောင်ထိပ်ကို
ကြိုးစားပြီးရောက်အောင်တက်သလိုပဲ
မန္တလေးသားတစ်ယောက်
ထိပ်ကိုရောက်ရင်
အောက်ကမြို့ကိုပြန်ကြည့်ရမယ်
ခေါင်းဆောင်ကောင်းတို့
မွေးဖွားရာမြေ
စိတ်ဓာတ်ရဲရင့်မြင့်မြတ်သူတွေ
ကျော်ကြားခဲ့သောသူရဲကောင်းများစွာ
ခေတ်အဆက်ဆက်
ယဉ်ကျေးမှုထွန်းကားရာမြို့ပါ
သမိုင်းဝင်ခဲ့တဲ့မြို့
ရွှေအဆင်းတို့
အနုပညာမှတ်ကျောက်တင်ခဲ့တဲ့မြို့
မိုးမြင့်ထက်ကခမ်းနားစေခဲ့
ရာဇဝင်တွင်ကျန်စေခဲ့မန္တလေး
ပြည်သူချစ်အနုပညာရှင်များ
ပိုင်ဆိုင်ခဲ့လို ဂုဏ်ယူခဲ့တဲ့မြို့
ရွှေမှန်ကင်းတွေဝင်းဝင်းတောက်လို့
ဂုဏ်ယူခဲ့တဲ့မြို့
ဂုဏ်ယူခဲ့တဲ့မြို့ကဂုဏ်ယူဆဲပဲမို့
ဘုရားဟောတဲ့
ဗျာဒိတ်တော်အတိုင်းပဲပုံတူဆွဲခဲ့လို့
အပြစ်အနာအဆာဆိုတာမရှိ
မေတ္တာဆိုတာချည်း
မျိုးဆက်သစ်တွေလက်ထပ်မှာ
မျက်နှာမငယ်စေရဘူးလို့
စတုတၳမြန်မာနိုင်ငံဂီတသမိုင်း
စတင်ခဲ့ရာမြို့ကလူငယ်ထုက
သစ္စာဆိုပါ၏