menu-iconlogo
huatong
huatong
avatar

အချစ်မျက်ဝန်း

Lလွန်းဝါhuatong
Kaung_star707huatong
Letras
Grabaciones
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း

အာရုံမှာငြိတဲ့ မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း

ကျိန်စာအလား ရပ်မသွားတဲ့

ခံစားချက်ပေါင်း များစွာနဲ့

စူးရှတဲ့ မျက်ဝန်းတစ်စုံ

မင်းချန်ခဲ့

မူမပိုင်တဲ့ မျက်ဝန်းအတွက်

ကြိတ်ပြီး ရူးခဲ့ရပေမဲ့

နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေတွေးပူနေ...

ဟန်မဆောင်တဲ့ အချစ်တွေနဲ့

ရင်ထဲက စောင့်မျှော်ခဲ့

ဖွင့်ပြောခဲ့ချင်ပေမဲ့

မသေချာတဲ့ အချစ်တွေနဲ့

ပစ်သွားမလား စိုးရိမ်ခဲ့

မျက်ဝန်းနဲ့..

ပြောနေမိ.. ခဲ့..

အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း

အာရုံမှာငြိတဲ့ မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

နေ့တွေညတွေ မှားသွားခဲ့

ချိုမြိန်သာယာလေသော မင်းမျက်ဝန်း

ရင်မှာ နှောင်ကြိုးဖွဲ့မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

မင်းရဲ့.. မင်းရဲ့...

အချစ်မျက်ဝန်း

ဘယ်လောက်ပဲ တို့ဝေးပါစေ

တစ်ချက်လေး စောင်းငဲ့ကြည့်ရုံနဲ့

မျက်ခုံးအပင့်မှာ

ဒီအလွမ်းတွေ ပုန်းကွယ်နေ

ချိုမြိန်တဲ့ အချစ်စကားတွေ

ဘယ်လိုပဲ ခဏခဏပြောချင်လည်း

မင်းအရှေ့မှာ အတောင်ကျိုးတဲ့ ငှက်လိုပဲ

ဟန်မဆောင်တဲ့ အချစ်တွေနဲ့

ရင်ထဲက စောင့်မျှော်ခဲ့

ဖွင့်ပြောခဲ့ချင်ပေမဲ့

မသေချာတဲ့ အချစ်တွေနဲ့

ပစ်သွားမလား စိုးရိမ်ခဲ့

မျက်ဝန်းနဲ့ပြောနေမိ.. ခဲ့..

အကြိမ်ကြိမ် ရင်ခုန်မိသော မင်းမျက်ဝန်း

အာရုံမှာငြိတဲ့ မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

နေ့တွေညတွေ မှားသွားခဲ့

ချိုမြိန်သာယာလေသော မင်းမျက်ဝန်း

ရင်မှာ နှောင်ကြိုးဖွဲ့မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

မင်းရဲ့ မင်းရဲ့..

မျက်ဝန်း... ထဲက

မိုးစက်လေးများ မကျစေဖို့

ငါ့ ရင်ထဲ.. က

ထစ်ချုန်းမိုး ချိန်းသံကို

မင်းအတွက်

တသက်လုံးပဲသိမ်းထားမယ်...

အကြိမ်ကြိမ် ရင်ခုန်မိသော မင်းမျက်ဝန်း

အာရုံမှာငြိတဲ့ မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

နေ့တွေညတွေ မှားသွားခဲ့

ချိုမြိန်သာယာလေသော မင်းမျက်ဝန်း

ရင်မှာ နှောင်ကြိုးဖွဲ့မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

မင်းရဲ့ မင်းရဲ့...

အကြိမ်ကြိမ် ရင်ခုန်မိသော မင်းမျက်ဝန်း

အာရုံမှာငြိတဲ့ မျက်ဝန်း

မင်းရဲ့အကြည့်မှာ မျောနေခဲ့

မင်းရဲ့ မင်းရဲ့...

အချစ်မျက်ဝန်း

Thanks Maung Htike

Más De Lလွန်းဝါ

Ver todologo