menu-iconlogo
huatong
huatong
avatar

မေ့ဘဝခဏဘယ်သူယူပါမယ်

Myint Zu Thinhuatong
nonnopinohuatong
Letras
Grabaciones
သီချင်း - မေ့ဘဝခဏဘယ်သူယူပါမယ်

တေးဆို - Myint Zu Thin

ဒီက ချစ်တာသိရဲ့သားနဲ့

သူမို့ ခွဲသွားရက်တယ်

သူ့အတွက် အလွမ်းပြေ

ပန်းတွေ တစ်ပွင့်စီခြွေကာ

မြေမှာစုထားရရင်ကွယ်

ခုများဆိုစကားဥပမာပြောလို့နှိုင်းမယ်

တောညို့မှိုုင်းတဲ့မောတို့တိုင်းရဲ့

ရှမ်းတောင်တန်းသဖွယ်

လွမ်းရောင်သမ်းတဲ့ပန်းတောင်တန်းတွေ

ဖြစ်နေမယ်ထင်တယ်

ဒီကချစ်တာသိရဲ့သားနဲ့

သူမို့ ခွဲသွားရက်တယ်

သူ့အတွက်အလွမ်းပြေ

ပန်းတွေတစ်ပွင့်စီခြွေကာ

မြေမှာစုထားရရင်ကွယ်..

ခုများဆိုစကားဥပမာပြောလို့နှိုင်းမယ်

တောညို့မှိုုင်းတဲ့ မောတို့တိုင်းရဲ့

ရှမ်းတောင်တန်းသဖွယ်

လွမ်းရောင်သမ်းတဲ့ပန်းတောင်တန်းတွေ

ဖြစ်နေမယ်ထင်တယ်...

လာလုငယ်လာလုငေး

ချစ်သူဝေးမလေးမှာ

လေတစ်ပြေးလှိုင်းတစ်ရိုက်

အခိုက်အတန့်လေးတောင်

ခွဲ မနေနိုင်ပါတယ်..

အသည်းရွှေစိုင် ညှာဝယ်

ပူတယ်လေဆယ်နေကဲ

ကျမျက်ရည်လည်းချောင်းဖြစ်ရော့မယ်

သစ်ရွက်တွေလိုကြွေချင်ရာကြွေ

နေချင်ရာနေလိုက်ချင်လည်း

မိန်းမသားဆိုတော့

အခက်ပါလားကွယ်

လာလုငယ်လာလုငေး

ချစ်သူဝေးမလေးမှာ

လေတစ်ပြေးလှိုင်းတစ်ရိုက်

အခိုက်အတန့်လေးတောင်

ခွဲမနေနိုင်ပါတယ်

အသည်းရွှေစိုင်ညှာဝယ်

ပူတယ်လေဆယ်နေကဲ..

ကျမျက်ရည်လည်းချောင်းဖြစ်ရော့မယ်

သစ်ရွက်တွေလိုကြွေချင်ရာကြွေ

နေချင်ရာနေလိုက်ချင်လည်း

မိန်းမသားဆိုတော့

အခက်ပါလားးကွယ်

အိုကွယ်မေတ္တာတွေပျောက်သမျှအဆုံးဝယ်

သစ္စာရေသောက်ပြဦးမယ်

မိုးအဖုံးမြေအထဲ..

သူ့ကိုပဲအချစ်ဆုံးပါကွယ်

မုန်းလည်းမမုန်းတီးရက်တာ

နာလည်းမနာကျည်းရက်တာ

သိပါစေကြားပါစေတော့

အချစ်ဆုံးမုန်းသူရယ်

အိုကွယ်မေတ္တာတွေပျောက်သမျှအဆုံးဝယ်

သစ္စာရေသောက်ပြဦးမယ်..

မိုးအဖုံးမြေအထဲ..

သူ့ကိုပဲအချစ်ဆုံးပါကွယ်...

မုန်းလည်းမမုန်းတီးရက်တာ

နာလည်းမနာကျည်းရက်တာ

သိပါစေကြားပါစေတော့

အချစ်ဆုံးမုန်းသူရယ်

မုန်းသူရင်ထဲက

အချစ်ကိုမှကိုယ်ကလိုချင်တယ်

လစန္ဒာငွေစင်ပုလဲ

မြကန်သာရေပြင်ထဲရှိနိုးနဲ့ရယ်

ပိုက်ဆွဲယူသော

မိုက်မဲသူတံငါသည်လိုပဲကွယ်

တစ်ကိုယ်တည်းအမိုက်ဒဏ်

ရှိုက်သံဖုံးယူကျုံးမရနိုင်တယ်

ကြင်ဖော်တွဲသူတို့အလယ်

ကြင်ဖော်ကွဲသူလေးမျက်နှာငယ်

ပူဗျာနွယ်ဘဝအဆွေးး

လူတကာအလယ်ခဏပေးလည်း

ယူမယ့်သူမရှိကူမယ့်သူမရှိ

ပမ်းပါဘိနွမ်းပဘိ

နွမ်းပါဘိတစ်ယောက်ထဲရယ်

Más De Myint Zu Thin

Ver todologo