menu-iconlogo
huatong
huatong
avatar

မလိုချင်ဘူး..စစ်

Ni Ni Khin Zawhuatong
omega1159huatong
Letras
Grabaciones
မလိုချင်ဘူး...စစ်

နီနီခင်ဇော်

စာမလာခဲ့တာ အကြာကြီးလေ

ပြောင်းလဲ ရက်လနှစ်တို့ အမှောင်ပြည့်

ခြေသံတွေကြားရင် မျှော်မိတယ်

စိုးရွှံထိတ်လန့်စိတ်နဲ့ ကမ္ဘာမြေ

နင်ရေးခဲ့ဖူးတဲ့ အတိတ်က ကဗျာလေး

မျက်ရည်ကြားမှာ လွှင့်လို့မျော

ပြက္ခဒိန်ထဲမှာပဲ

ဖြတ်သန်းလို့သွားတဲ့

ဒို့နှစ်ဦး အကြင်နာများ

မလိုချင်ဘူး..စစ်

နင်ထားလို့သွားတဲ့ နေ့ဆိုးတွေ

အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ

အားတင်းရှေ့ဆက်နေရင်းလေ..

မမြင်ချင်ဘူး..စစ်

မီးတွေသင့်တဲ့ မြို့ကလေးတွေ

သက်တန်းကုန်သွားတဲ့ အသိုက်ကလေးတွေ

အမုန်းများရပ်ဖို့ ဘယ်သူတားမလဲ

အားလုံးငြိမ်းချမ်းရင်ကောင်းမယ်

ရေဒီယိုထဲမှာ ငါတောင်းတဲ့

တို့ရဲ့သီချင်းလေး မင်းကြားပါစေ

ပြန်ဆုံနိုင်ဖို့လေ ငါဆုတောင်း

ဘုရားကပေးဖို့မျှော်လင့်ထား

သတင်းစာရွက်တွေ များစွာပြန့်ကျဲ

မတွေ့ချင် သွေးမြေခရက်စွဲ

အသက်ရှူကျပ်နေတဲ့

တံခါးဝနားက အရိပ်ကလေး

နင်ဖြစ်မလား

မလိုချင်ဘူး..စစ်

နင်ထားလို့သွားတဲ့ နေ့ဆိုးတွေ

အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ

အားတင်းရှေ့ဆက်နေရင်းလေ..

မမြင်ချင်ဘူး..စစ်

မီးတွေသင့်တဲ့ မြို့ကလေးတွေ

သက်တန်းကုန်သွားတဲ့ အသိုက်ကလေးတွေ

အမုန်းများရပ်ဖို့ ဘယ်သူတားမလဲ

အားလုံးငြိမ်းချမ်းရင်ကောင်းမယ်

မကြုံချင်ဘူး..စစ်

ကလေးငယ်များစွာ မျက်ဝန်းတွေ

ဖြေဖို့ခက်ခဲတဲ့ သူတို့အသည်းတွေ

(ငြိမ်းချမ်းချင်းကဘယ်မှာလဲ)

မလိုချင်ဘူး..စစ်

နင်ထားလို့သွားတဲ့ နေ့ဆိုးတွေ

အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ

အားတင်းရှေ့ဆက်နေရင်းလေ..

မမြင်ချင်ဘူး..စစ်

မီးတွေသင့်တဲ့ မြို့ကလေးတွေ

သက်တန်းကုန်သွားတဲ့ အသိုက်ကလေးတွေ

အမုန်းများရပ်ဖို့ ဘယ်သူတားမလဲ

အားလုံးငြိမ်းချမ်းရင်ကောင်းမယ်

ရေဒီယိုထဲမှာ ငါတောင်းတဲ့

တို့ရဲ့သီချင်းလေး မင်းကြားပါ....စေ

Más De Ni Ni Khin Zaw

Ver todologo