သနပ်ခါးချစ်သူ Unicode
ဆို Rဇာနည်
Ready...!
1
2
3
Go...
အမြဲလိုပင်.
သနပ်ခါးလေးပါးပါးညီညီ
လိမ်းကျံကာ
အကူအညီ မပါပေမယ့်လည်း
နဂိုနီတဲ့နှုတ်ခမ်းလေး
အလှသွေးကြွယ်
ပိတုန်းနက် ဆံစလေးတွေ
ခါးနွဲ့နွဲ့လေးထက်မှာ
ယဉ်နိုင်လွန်းတယ်
တွေ့ချင်တယ်
တစိမ့်စိမ့်နဲ့ကြည့်လို့တကယ်ကို
မ၀နိုင်တယ်
အိန္ဒြေရှင်မလေး ရယ်
ဆယ်ခါတစ်ခါ ပြုံးခဲနိုင်လွန်းတယ်
ဒေါသမာနလေးတွေ
မရှိတဲ့သူ့ သဘောထားကို
ကိုယ်စာဖွဲ့မယ်
ဘယ်သူတွေ
ဘယ်လောက်ကြီးချောချော ချောပါစေ
မမြင်နိုင်နှလုံးသားထဲက အလှတွေ
သူ့မှာ ရှိတယ်
မဟာဆန်တဲ့
ကဗျာဟန်လေးရယ်သိမ်မွေ့နုနယ်..
စာနွယ်လား..ပန်းချီလေ လားကွယ်
မယ်ယဉ်ကျေးရယ် ...
လေပြည်လာရင် အဝေးကရတဲ့
သနပ်ခါးရနံ့လေးတွေကို
ဒီတစ်သက်တာ
ကိုယ်လေမွှေး..ချင်တယ်
Ready...!
1
2
3
Go...
တွေ့ချင်တယ်
တစိမ့်စိမ့်နဲ့ကြည့်လို့တကယ်ကို
မ၀နိုင်တယ်
အိန္ဒြေရှင်မလေး ရယ်
ဆယ်ခါတစ်ခါ ပြုံးခဲနိုင်လွန်းတယ်
ဒေါသမာနလေးတွေ
မရှိတဲ့သူ့ သဘောထားကို
ကိုယ်စာဖွဲ့မယ်
ဘယ်သူတွေဘယ်လောက်ကြီး
ချောချောချောပါစေ
မမြင်နိုင်နှလုံးသားထဲက အလှတွေ
သူ့မှာ ရှိတယ်
မဟာဆန်တဲ့
ကဗျာဟန်လေးရယ်သိမ်မွေ့နုနယ်..
စာနွယ်လား..ပန်းချီလေ လားကွယ်
မယ်ယဉ်ကျေးရယ် ...
.မဟာဆန်တဲ့ ကဗျာဟန်လေးရယ်
သိမ်မွေ့နုနယ်စာနွယ်လားပန်းချီလေလားကွယ်
မယ်ယဉ်ကျေးရယ် ...အမြဲလိုပင်..
27.8.2021
Thank You So Much