menu-iconlogo
logo

သခင့်ဆီအပြေးပြန်လာမည်

logo
avatar
Riologo
Ahla_Sone_Yote_Soelogo
Canta en la App
Letras
သခင့်ဆီအ​ပြေးပြန်​လာမည်

ကေး စိုင်းခမ်းလိတ်

ပချုပ်​ဆိုင်​ပြတင်းက အခန်းစီးစ

မလို့ကြည့်​လိုက်​ရင်

ကိုယ့်​ရင်​မှာ ဘယ်​သို့ရှိမယ်

မင်းသိနိုင်​မလားဟင်

ဗျစ်​ရည်​ဆိုင်​ထဲက

အရက်​ခွက်​ကိုဆရင်း ​တွေးမိရင်

ကိုယ့်​ရင်​မှာ ဘယ်​သို့ရှိမယ်

မင်းမှန်းနိုင်​မလားဟင်

သခင်​လို့​တောင်

အမည်​တပ်​ချင်​ မင်း​လေးကို​လေ

ရောက်​တဲ့အရပ်​ မင်းရဲ့မျက်​နှာ

အိပ်​မက်​တိုင်း မင်းရဲ့အ​ကြောင်းသာ

စိုးမိုးနိုင်​လွန်းတဲ့ အချစ်​ပါ

ဒါ​ကြောင့်​ကိုယ်​ သခင်​လို့​ခေါ်မယ်

အရှင်​လို့ ​ခေါ်မယ်​​နော့ ​ခေါ်မယ်​​နော့

ထွက်​​ပြေးလည်း လွတ်​ကို မလွတ်​ပါ

အ​နှောင့်​အယှက်​က ဦး​နှောက်​ထဲမှာ

စွဲ​နေဆဲ စွန့်​လွတ်​နှလုံးသား

ဒါ​ကြောင့်​ ကိုယ်​ပြန်​ခဲ့မယ်

ပြန်​လှည့်​လာမယ်​​နော်​ ဘယ်​လိုလဲ

မင်း လက်​ခံမှာလား

မင်း ဆီးကြိုမှာလား

မ​ပေ​တော့ပါဘူး မမိုက်​​တော့ပါဘူး

ဆုံးဖြတ်​ချက်​ လုံးလုံးချကာရယ်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

အချစ်​ က​လေးဆီ

ပန်းခြံ​တွေ ထဲလည်း

လမ်း​လျှောက်​ရင်း

အလွမ်း​ဖျောက်​​ ရောက်​ခဲ့တယ်

က​လေးငယ်​​တွေ ​ပျော်​မြူးကစားတာ

ငေးကြည့်​​နေ တုန်း​လေ

တိရိစ္ဆာန်​ရုံဘက်​လည်း အားအားတိုင်း

စိတ်​ညစ်​​ပျောက်​မလားလို့

ချစ်​သူ​တွေ စုံတွဲများစွာ

အားကျသလို ရှိခိုက်

စိတ်​ထဲကိုဝင်​​ရောက်​လာ

အတိတ်​က ဇာတ်​​ကြောင်း

ရည်းစားဘဝ ချစ်​လို့ မဝပါ

စကားများလည်း ​ပြောလို့ မပြီးပါ

အပြုံးပန်းလည်း ပွင့်​လို့မဆုံးပါ

ဒါ​ကြောင့်​ ကိုယ်​ရင်​ဖွင့်​ကာရယ်

အဆင်​သင့်​ ဝင်​လာခဲ့ ဝင်​လာလှည့်

ဟိုးတုန်းက ဖြစ်​ပျက်​သမျှဟာ

နမ်းပြီးရင်​ နမ်းလို့ မဝခင်

အိပ်​မက်​ကလန့်​ကာ နိုးသလို

ဒါ​ကြောင့်​ကိုယ်​ ရင်​နင့်​စွာရယ်

ပြင်​သင့်​တာ​တွေကို ပြင်​ပါမယ်

မင်း ​ပြောင်း​စေချင်​သလား

မင်း ​စောင့်​​နေချင်​သလား

မ​မေး​တော့ပါဘူး မကန်း​တော့ပါဘူး

စိတ်​နှလုံးကို ဒုံဒုံးချကာရယ်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

အချစ်​ က​လေးဆီ

သူစိမ်းသူရံစာ ကြားမှာ ရမ်းကားတဲ့

အကြည့်​မိုက်​​ ​အောက်​ငုံ့ကာ

မျက်​နှာ​တော်​ တကယ်​မထားတတ်​​အောင်

မင်းဖြစ်​​နေမလားဟင်

အရိုင်းဆန်​တဲ့ စကား​တွေ

နားမကြားဝံ့ အရှက်​တရား ကင်းမဲ့စွာ

မင်းရင်​ကို မုန်​တိုင်းတစ်​ခုလို

ထိုး​ဖောက်​​မွှေ သလားဟင်

အရင်​တုန်းက ကိုယ်​ရှိတယ်

အခုများ​တော့ အ​ဝေးမှာ

မင်းဘက်​က ရပ်​တည်​စွမ်းမယ့်

တစ်​​ယောက်​​ယောက်​​တော့ ရှိ​နေသင့်​တယ်

ထွက်​​ပြေးတဲ့ ကိုယ့်​ကဲ့အပြစ်​ပါ

ခု​တော့ ​နောင်​တရပြီ​လေ

ဘုရင်​မ ထံကို​လေ ပြန်​လာမ​လေ

လွမ်းပြီးရင်း မလွမ်း​စေချင်​ပါ

စိတ်​ညစ်​ရင်​ မညစ်​​စေချင်ြာ

တမ်းတတိုင်း ပြည့်​​စေရမှာ

ဒါ​ကြောင်​ ကိုယ်​ပြန်​ခဲ့မယ်

ပြန်​လှည့်​လာမယ်​​နော်​ ဘယ်​လိုလဲ

မင်း လက်​ခံနိုင်​မလား

မင်း ဆီးကြိုနိုင်​မလား

မလိမ်​​တော့ပါဘူး မကပ်​​တော့ပါဘူး

ဒုတိယနဲ့ ​နောက်​ဆုံးတစ်​​ခေါက်​ပါပဲ

သခင့်​ဆီ အ​ပြေးပြန်​လာမည်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

သခင့်​ဆီ အ​ပြေးပြန်​လာမည်

အချစ်​ က​လေးဆီ

သခင့်ဆီအပြေးပြန်လာမည် de Rio - Letras y Covers