menu-iconlogo
huatong
huatong
avatar

အချစ်ကိုဦးစားပေးခဲ့သူ

Sai Htee Sainghuatong
nicolaclebinhuatong
Letras
Grabaciones
သီချင်း - အချစ်ကိုဦးစားပေးခဲ့သူ

တေးဆို - စိုင်းထီးဆိုင်

ဟိုတုန်းက မတွေ့မိရင်

ကိုယ်တို့ဇာတ်လမ်းလေးဟာလေ

တစ်မျိုးဖြစ်ခဲ့မယ်

ဘယ်လောက်ပဲ ချစ်လဲကွယ်

ဒီလိုအချိန်မှ တွေ့မယ်ဆိုရင်

မပြတ်သား နိုင်တယ်

ပြန်စဉ်းစားတိုင်း ကံကိုသာလေ

ကြည်နူးခြင်း တစ်ဝက်နဲ့အတူ

အံသြမိတယ်

ငယ်ရွယ်သူမို့ အချစ်ဘက်ကို

အလေးသာ ပေးလိမ့်မယ် သူသိသလိုပဲ

လူတစ်ဦးတိုင်း

တစ်ယောက်တိုင်းမှာ

တစ်ချိန်ချိန်တော့ အချစ်ဆိုတာရှိခဲ့ကြတယ်

လူသားတို့ ပေါင်းမိရင်

ဘာရယ်ကြောင့် အားနည်းသူကို

မုန်းတတ်တာလဲ

ဒီပြောင်းလဲခြင်းနဲ့ ရင်ဆိုင်ရာမှာ

ဟိုတုန်းက ကြောက်စိတ်တွေ မရှိခဲ့ဘူးကွယ်

ငယ်ရွယ်သူအတွက် အချစ်တစ်ခုသာ

ကိုးကွယ်အားထားရာ

ထင်မှတ်ယူမယ်

ကိုယ်လျှောက်ခဲ့တဲ့လမ်းဟာ

လိုအင်ဟူသမျှ ပြည့်စုံတယ်

မရှိသလောက်ပဲကွယ်

မျှော်လင့်ချက်နဲ့နှိုင်းရင်

ကြုံဆုံနေသမျှ အဖြစ်တွေဟာ

ကောင်းလွန်းပြန်တယ်

ရည်မှန်းချက်အတွက်

ကြင်နာသူကို တစ်ကယ်စွန့်တဲ့

သူရဲကောင်းတွေ ရှိခဲ့လဲကွယ်

ငယ်ရွယ်သူမို့ အချစ်ဘက်ကို

အလေးသာပေးခဲ့တာ အမှန်ဆုံးပါပဲ

Más De Sai Htee Saing

Ver todologo