menu-iconlogo
huatong
huatong
avatar

ရာဇဝင်တွင်မယ့်အချစ်

u00a0ဆုန်သင်းပါရ်huatong
sbiggleyhuatong
Letras
Grabaciones
သီချင်း - ရာဇဝင်တွင်မယ့်အချစ်

တေးဆို - ဆုန်သင်းပါရ်

ကျောက်သားများလို ထွင်ထုထားခဲ့

ကိုယ့်ရဲ့အသည်းထက် မင်းရဲ့အမည်

အသက်ထက်ဆုံးတိုင်ဖျက်မရ

ထာဝရကဗ္ပည်းတင်ပြီ

ကာလရဲ့ နေ့ရက်များကို

ထွင်းဖောက်စီးဆင်းလာပြီ

ဘဝမှတ်တမ်းထဲ တို့အချစ်

ယနေ့မှစ မော်ကွန်းသစ်တည်

ရာဇဝင်တွင်မယ့်အချစ်

အခိုင်အမာဖြစ်ထွန်းခဲ့

ရာဇဝင်တွင်မယ့်အချစ်

တို့အတွက်အထိမ်းအမှတ်ပဲ

တို့အတွက်အထိမ်းအမှတ်ပဲ

အိပ်မက် ပြဇာတ် ဝတ္ထုများမမှီ

တကယ့်အဖြစ်က ပိုဆန်းပြားခဲ့

အချစ်စစ် သက်သေအလား

ရာဇဝင်များစွာကွယ်

ဘာပဲဖြစ်ဖြစ် ဖြတ်ကျော်သွားပါ

ဆုလာဘ်တွေယူနိုင်ပြီ

နီးစပ်ခွင့်နဲ့နီးစပ်ချိန်

ဒီမှာသမိုင်းသစ်စတင် ကိုယ်နဲ့မင်း

အခိုင်အမာဖြစ်ထွန်းခဲ့

ရာဇဝင်တွင်မယ့်အချစ်

တို့အတွက် အထိမ်းမှတ်ပဲ

တို့အတွက် အထိမ်းမှတ်ပဲ

ပန်းပွင့်လေးတွေ ကျဲမလား

ချစ်သူတွေရဲ့ လမ်းများ

ခြေသံများ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း

မဟာပထဝီလို တည်စေသား .. ဝိုး

အခိုင်အမာဖြစ်ထွန်းခဲ့

ရာဇဝင်တွင်မယ့်အချစ်

တို့အတွက် အထိမ်းမှတ်ပဲ

ရေး .. အထိမ်းမှတ်ပေါ့

ရာဇဝင်တွင်မယ့်အချစ်

အခိုင်အမာဖြစ်ထွန်းခဲ့

ရာဇဝင်တွင်မယ့်အချစ်

တို့အတွက် အထိမ်းမှတ်ပဲ အို

တို့အတွက် အထိမ်းမှတ်ပဲ

Más De u00a0ဆုန်သင်းပါရ်

Ver todologo