menu-iconlogo
huatong
huatong
avatar

ပထမဝါဆို (Guiter version)

ဦးမြိုင်huatong
🇲🇲S♓we_T♓waySannyo🇲🇲huatong
Letras
Grabaciones
တိမ်တိုက်တွေပြို ရွှေမိုးကညို

ငိုတော့မလို မလေးပျို

မိုးစက်လေးတွေ တဖွဲဖွဲကျနေ

လဝါဆို

ထီးလေးတချောင်းအတူ​ဆောင်းခဲ့ဖူးတဲ့

လဝါဆို

လမ်းဘေးဈေးဆိုင်တန်းလေးထဲမှာ

မိုးဝင်ခို

တို့နှစ်ယောက်ရဲ့ မေ့ပျောက်လို့မရတဲ့

ပထမဝါဆို

ချစ်ပြုံးရည်ချို မျက်ဝန်းကစို

မလေးပျို ပန်ဖို့ကို

ပုန်းညက်ပန်းတွေခူးပေးခဲ့တာ

လဝါဆို

ချစ်လို့ချစ်တယ် ပြောခဲ့ဖူးတာ

လဝါဆို

မမလေး သနပ်ခါးပျက်ခဲ့တာ

လဝါဆို

တို့နှစ်ယောက်ရဲ့ တမ်းတခြင်းများနဲ့

ပထမဝါဆို

ဝါဆို..

အခုတော့တို့တတွေ ဝေးခဲ့ကြပြီဆို

ထီးကလေးတချောင်းနဲ့တို့နှစ်ယောက်ရဲ့ဝါဆို

ဆံပင်ရှည်ရှည် ကြင်နာသူလေး

မိုးတွေစို

ဆံကေသာမှာ

ရေမှုန်ရေစက်ကလေးတွေခို

ပြန်မြင်ယောင်တယ်

ကြင်နာခဲ့ဖူးတဲ့ ဝါဆို

တိမ်တွေပြိုရင် ငိုချင်နေမိလို့

ချစ်ပြုံးရီချို မျက်ဝန်းကစို

မလေးပျို ပန်ဖို့ကို

ပုန်းညက်ပန်းတွေ ခူးပေးခဲ့တာ

လဝါဆို

ချစ်လို့ချစ်တယ် ပြောခဲ့ဖူးတာ

လဝါဆို

မမလေး သနပ်ခါးပျက်ခဲ့တာ

လဝါဆို

တို့နှစ်ယောက်ရဲ့ မေ့ပျောက်လို့မရတဲ့

ပထမဝါဆို

ဝါဆို..

ချိန်းတဲ့နေ့မှာ မိုးကသည်းနေလို့

မတ်တပ်ရပ်လို့ လမ်းမထက်မှာငို

နောင်သံသရာမှာ ပြန်မဆုံနိုင်တော့တဲ့လူကို

မကြင်မနာရွာနေတာလား မိုးဝါဆို

ဟိုတောင်ဆီမှာ တိမ်တွေပြိုလို့

မိုးတွေညို

ဝါဆိုငိုရင် သူငိုမှာစိုးလို့

ဝါဆို..

အခုတော့တို့တတွေ ဝေးခဲ့ကြပြီဆို

ထီးကလေးတချောင်းနဲ့တို့နှစ်ယောက်ရဲ့ဝါဆို

ဆံပင်ရှည်ရှည်

ကြင်နာသူလေး မိုးတွေစို

ဆံကေသာမှာ ရေမှုန်ရေစက်ကလေးတွေခို

ပြန်မြင်ယောင်တယ်

ကြင်နာခဲ့ဖူးတဲ့ ဝါဆို

တိမ်တွေပြိုရင် ငိုချင်နေမိလို့

တိမ်တွေပြိုရင် သူငိုမှာစိုးလို့