ကံဆိုးခြင်းဆိုတာကျွန်တေ့ာ်ဘဝဖြစ်တောင်မှ
မ ရဲ့အချစ်တော့ကျွန်တေ့ာ်အတွက်ကံကောင်းခြင်းပါ
ဒီလိုတဖက်သတ် ကလေးအတွေး တွေးထင်ပြီး
မိုက်ရူးရဲ မ အပေါ်ကျွန်တော်ဆိုးခဲ့တာ
မ အတွက် အနှောင့်အယှက်ဖြစ်စေသလား
ကျွန်တော်မှားသွား..
မထင်မှတ်ပဲ တွေတဲ့လမ်းအတွေ့မှာ
ငြိုငြင်တဲ့အကြည့်နဲ့ မ မျက်နှာ
မ တော့မသိပါကျနော့်ရင်ထဲမှာ ငိုခဲ့ရ
ဒါကျွန်တော်အတွက် မ...ရဲ့အချစ်တဲ့လား
ကွယ်ရာမှာ သာမယ့် ကျွန်တော်အတွက်လမင်းလား
မ ရယ်... သိုဝှက်မထားပါနဲ့
တကယ်မချစ်နိုင်လဲဟန်မဆောင်ပဲနဲ့ဖွင့်ပြောပြီးမုန်းနိုင်တယ်
ကျွန်တော်နေရစ် ခဲ့ပါမယ်..မချစ်ပဲနဲ့ မြိုသိမ့်လို့နမ်းရင်
မ ပင်ပန်းလိမ့်မယ်နောက်ဆုံး.. အသဲခွဲသွားရင်လည်း
ဒဏ်ရာလေးအတိုင်းသိမ်းထားမယ်မ အတွက် မှန်တယ်
ကျွန်တော်လိုကောင်ဟာအမုန်းနဲ့ပဲ ထိုက်တန်တယ်
အရမ်းချစ်မိသမျှရင်မှာစိတ္တဇဖြစ်တည်ကာ
စိတ်မချလို့ပါ မ ရယ် သံသယမဟုတ်ပါ
အနိုင်ပိုင်းတဲ့ စိတ်နဲ့မဟုတ်ပေမဲ့
အပျော်သဘော မ အပေါ်အနိုင်ယူခဲ့မိတာ
မရဲ့သိက္ခာကျစေသလားကျွန်တော်မှားသွား...
မထင်မှတ်ပဲ တွေ့တဲ့လမ်းအတွေ့မှာ
ငြိုငြင်တဲ့အကြည့်နဲ့ မ မျက်နှာ
မ တော့မသိပါ ကျနော့်ရင်ထဲမှာ ငိုခဲ့ရ
ဒါကျွန်တော်အတွက် မ...ရဲ့အချစ်တဲ့လား
ကွယ်ရာမှာ သာမယ့် ကျွန်တော်အတွက်လမင်းလား
မ ရယ်... သိုဝှက်မထားပါနဲ့
တကယ်မချစ်နိုင်လဲဟန်မဆောင်ပဲနဲ့ဖွင့်ပြောပြီးမုန်းနိုင်တယ်
ကျွန်တော်နေရစ် ခဲ့ပါမယ်..မချစ်ပဲ့နဲ မြိုသိမ့်လို့နမ်းရင်
မ ပင်ပန်းလိမ့်မယ်နောက်ဆုံး အသဲခွဲသွားရင်လည်း
ဒဏ်ရာလေးအတိုင်းသိမ်းထားမယ်မ အတွက် မှန်တယ်
ကျွန်တော်လိုကောင်ဟာအမုန်းနဲ့ပဲ ထိုက်တန်တယ်
ဟန်မဆောင်ပဲနဲ့ဖွင့်ပြောပြီးမုန်းနိုင်တယ်
ကျွန်တော်နေရစ် ခဲ့ပါမယ်မချစ်ပဲနဲ့ မြိုသိမ့်လို့နမ်းရင်
မပင်ပန်းလိမ့်မယ်နောက်ဆုံး အသဲခွဲသွားရင်လည်း
ဒဏ်ရာလေးအတိုင်းသိမ်းထားမယ်မအတွက်မှန်တယ်
ကျွန်တော်လိုကောင်ဟာအမုန်းနဲ့ပဲ ထိုက်တန်တယ်
ဟိုး....မ အတွက် ကျွန်တော်လိုကောင်ဟာ
အမုန်းနဲ့ပဲထိုက်တန်တယ်