သီချင်း - ရုပ်သေးရုပ်
တေးဆို - ရွှေထူး + Y Zet
ငါကျေနပ်ပါတယ်ရပြီလား
ချစ်တယ်ပြောတဲ့နှုတ်ခမ်းပါးဆီက
မုန်းတဲ့စကားတွေထွက်ကျပြီလား
နားဝမှာကြားရတာ ခါးသီးလာ
ကျေနပ်ပေးတယ် ဒူးထောက်ထားပြီးသား
နင့်အတွက်ဆို ပေးဆပ်ထားပြီးသား
အဲ့ဒီလိုမျိုး အလေးနက်ထားပြီးမှ
စိတ်ကြိုက်ဆော့ကစားလို့ဝသွားပြီလားနင်
ငါ့အနားနေမယ်ပြောခဲ့တာ လိမ်ခဲ့တာပေါ့
လက်ထပ်ထိမ်းမြားမယ် လိမ်ခဲ့တာပဲပေ့ါ
တစ်သက်လုံးမခွဲဘူး ကျိန်ခဲ့တာရော
အယုံသွင်းလှည့်ဖြားအားလုံးက
လိမ်ခဲ့တာပဲပေ့ါ
စိတ်ထဲမှာလဲမောတယ် ကြားတဲ့အတိုင်း
နင့်အတွေးတွေကို ခုထိငါနားမလည်နိုင်
တလောကလုံးဝိုင်းလှောင်ဟားတဲ့အခိုက်
ရတယ်ကျေနပ်တယ် ထားခဲ့လိုက်
ထားခဲ့လိုက်
ငါဟာမင်းတွက်မလိုအပ်တော့ရင်
မင်းသဘောဆန္ဒ
အတိုင်းနင်ထားခဲ့လိုက်ပါတော့
မင်းစိတ်ကြိုက်
ဒီလိုတစ်ခန်းရပ်ဇာတ်သိမ်းခန်းမှာ
မင်းတွက်မလိုတဲ့ငါ့ကိုနင်ငြင်းနိူင်တယ်....
နင်ထွက်သွားပေမဲ့ ငါခွင့်လွတ်တယ်
ရုပ်သေးရုပ် လေးလိုငါ ငြိမ်သက်ဆဲပဲ
လိုအပ်ချိန်တိုင်းငါအသင့်ရှိတယ်
မလာတဲ့သူအတွက်အရင်လိုကြိုဆိုဆဲပဲ
နင်ကြိုးဆွဲရာဘဲ ငါကဖို့အတွက်နဲ့
နင်ထားခဲ့သလိုဘဲ ငါကျန်နေပါ့မယ်
ကျရှုံးပေမယ့် ငါပြုံးပြတတ်တယ်
ရုပ်သေးရုပ်လေးလိုငါရင်ခုန်ဆဲဘဲ..
ကျန်နေခဲ့မှာပါ မင်းနဲ့အဝေးတဖက်ဆီမှာ
ကျန်နေခဲ့မှာပါမင်းနဲ့အဝေးတဖက်ဆီမှာ....
ဘဝမှာချမ်းသာတာသီချင်းပဲရှိတယ်
အဲ့သလိုအခြေအနေကို
လင်းလက်သည့်ကြယ်က
ခဏတာခိုနားဖို့ ဆင်းသက်သည့်နှယ်
မျှော်လင့်ချက်တွေအားလုံးကို
နင်းဖြတ်ပြီးခွဲ ငါတို့ပြတ် ပြတ်ပြတ်
ပြတ်ကာသွား နင်မျက်မျက်မျက်
မျက်နှာများလို့
တစ်ရက်မလပ်မပြတ်အောင်
လွမ်းနာကျ အသက်ထွက်မတတ်ငါ
မှန်းကာစလဲ
ဖုန်းဆက်အိပ်ရာမနှိုးတော့ပါ
မနက်သစ်ရောက်ရင်
ပတ်သက်ခဲ့တာလဲ
ဖြတ်ပစ်လိုက်ချင်တယ်
သွားခဲ့တဲ့နေရာတွေ
တစ်ချက်မင်းရောက်ရင်
Facebook Check in မှာ
Tag withလုပ်လျှင်
အဲ့လိုအမှန်တရားတွေလဲ
ခုတော့ကံတရားတွေထဲမှာ
မျောပါပြီး အရင်လိုမျိုးပြန်မရပေမဲ့
အမုန်းတွေဟန့်တားနေမြဲ
သို့ပေသော် ခံစားနေဆဲ
နင်ထွက်သွားပေမဲ့
နင်ထွက်သွားပေမဲ့ ငါခွင့်လွတ်တယ်
ရုပ်သေးရုပ် လေးလို ငါငြိမ်သက်ဆဲပဲ
လိုအပ်ချိန်တိုင်းငါအသင့်ရှိတယ်
ပြန်မလာတဲ့သူအတွက်
အရင်လိုကြိုဆိုဆဲပဲ
နင်ကြိုးဆွဲရာဘဲ ငါကဖို့အတွက်နဲ့
နင်ထားခဲ့သလိုဘဲ ငါကျန်နေပါ့မယ်
ကျရှုံးပေမယ့် ပြုံးပြတတ်တယ်
ရုပ်သေးရုပ်လေးလိုငါရင်ခုန်ဆဲဘဲ
ကျန်နေခဲ့မှာပါ
မင်းနဲ့အဝေးတဖက်ဆီမှာ